Monday, December 2, 2013

ဖြစ်ချင်တဲ. ဆန္ဒလေးပါ

0 comments
ကျွန်တော် ရှမ်းတစ်ယောက်ပါ။ ကျွန်တော် ရှမ်းတိုင်းရင်းသား အားလုံးကို သိစေချင်တာ တစ်ခုရှိပါတယ်။ရှမ်းတိုင်းရင်းသားအားလုံးလည်းသတိထားမိမယ်ထင်ပါတယ်။ အဲဒါကဘာလည်းဆိုတော့ ကျွန်တော်တို့  ရှမ်းပြည်နယ်နေ့ ကို အများပြည်သူရုံးပိတ်ရက်အဖြစ် နိုင်ငံတော်က သတ်မှတ်ပေး ထားခြင်းလည်းမရှိပါ။ဖော်ပြပေးချင်းလည်းမတွေ့ ရပါ။ရှမ်းနှစ်သစ်ကူးနေ့ ဆိုတာဖော်ပြပို့ ဝေလာဝေး။
ဘာမဟုတ်တဲ့ အစ်နေ့ ကတော့ အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးထားတာ ကျွန်တော်တို့  ရှမ်းလူမျိုးတွေရင်နာစရာမကောင်းဘူးလား။ပြီးတော့ပြက္ခဒိန်တစ်ခုမှာအမှတ်မထင်တွေလိုက်ရပါသေးတယ်။ ကရင်နှစ်သစ်ကူးနေ့ တဲ့....။ကရင်နှစ်သစ်ကူးနေ့ လို့ ဖော်ပြထားတာကိုမကြေနှပ်လို့ မဟုတ်ပါ။
အဲဒီလိုဖော်ပြတာကို ၀မ်းသာပါတယ်။ ဒါပေမယ့်ကျွန်တော်ဝမ်းနည်းမိတာ တစ်ခုရှိပါတယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ကအကြီးဆုံး ရှမ်းလူးမျိုးတွေလည်း အများအပြား ရှိနေပါ လျှက်နဲ့  ဘာကြောင့်အဲဒီလိုဖော်ပြခြင်းမခံရတာလဲ။အများပြည်သူရုံးပိတ်ရက်အဖြစ်ဘာလို့  မသတ်မှတ်ပေး ရတာလဲ ။ ကျွန်တော်တို့ ရှမ်းလူမျိုးတွေမစည်းလုံးလို့ လား။ဝိုင်းဝန်းတောင်းဆိုပေးကြပါလို့ ကျွန်တော်
ရှမ်းတစ်ယောက် အနေနဲ့ အကြံဥာဏ်ပေးချင်ပါတယ်။ အထက်က လူကြီးတွေကိုလည်း တင်ပြပေးကြပါ။ တကယ်ကိုဖြစ်စေချင်တဲ့ဆန္ဒပါ။

ရှမ်းလူမျိုးကိုချစ်တဲ့ ရှမ်းကလေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here