Saturday, March 2, 2013

နော်ခမ်း အသေစော၍ ၀မ်းနည်းကြသူများ

0 comments
မတ်(၂)



၁။ နော်ခမ်းကို အကြောင်းပြ ဘိန်းဓားပြ ထကြွချင်သူများ။ ဒို့မြန်မာ အစိုးရက ဒို့ကို ဖမ်းရင် ဒီလို ပြန်တောင်းမည်၊ ထို့ကြောင့်အရှင်ရအောင် ဖမ်းဆိုပြီး ပေါက်လွတ်ပဲစား ဘိန်းဓားပြ လုပ်မည့်သူများ

၂။ တိုင်းရင်းသား အရေး သွေးခွဲချင်သူများ။ နော်ခမ်းသည် ရှမ်း ရော်ဘင်ဟုပ် ဖြစ်သည်။ ဟုတ်သော်ရှိ မဟုတ် သော်ရှိ ယခုအချိန်တွင်တော့ ထောင်ထဲရောက်နေ၊ သေဒဏ်ပေးပြီး ဖြစ်သဖြင့် မြှောက်ပင့်ရမည်။ ထို့နောက် တွင်မှ မြန်မာအစိုးရထံ လွှဲပြောင်းမည်။ ရှမ်းလူမျိုး ခေါင်းဆောင်ကို သတ်ပါသည်ဆိုပြီး လက်နက်ကိုင်၍ အစိုးရ ကို တိုက်ကြမည့် လက်နက်ကိုင်များ။

၃။ ဆူပူဆန္ဒပြပွဲ စီစဉ်သူများ။ နော်ခမ်း ပြည်တွင်း ရောက်ပါက တရုတ်အစိုးရမှ သတ်ခိုင်းတိုင်း သတ်ရသလား၊ နော်ခမ်း ပြန်လွှတ်ပေးရေး ဒို့အရေး။ နော်ခမ်းအတွက် ရှမ်းတိုင်းရင်းသားများ ဆန္ဒပြ ဆိုကာ ရှမ်းဝတ်စုံများ ချုပ်ရောင်းကြမည့် ပွဲတိုင်းကျော်များ။

၎။ ကျောင်းသား အမည်ခံများ။ မည်သည့်အခါမှ ကျောင်းမတက်ဖူးသည့် နော်ခမ်းအား ကျောင်းသားများမှ ဂရုဏာတရား ကြီးမားစွာဖြင့် ၈၈ နဲ့အပြိုင် ပေါ်ပေါက်လာသည့် သူရဲကောင်းသဖွယ် မြှောက်ပင့်ကြမည့်သူများ။

၅။ မီဒီယာများ။ သေမိန့် မချမခြင်း ဘာသတင်းတက်တက် သတင်းစောင့်ဖတ်ယုံဖြင့် ဂျာနယ်များ၊ အင်တာနက် စာမျက်နှာများတွင် ဖော်ပြ၍ ရသည်မို့ အကျိုးအမြတ်လိုသည့် စတုတ္ထမဏ္ဍိုင်များ။

၆။ ရူးကြောင်ကြောင် Facebook User များ။ နော်ခမ်း ဘယ်သူမှန်း ဘာလုပ်မှန်း မသိ။ ကိုယ့်အမျိုးလည်း မဟုတ် သူ့အမျိုးလည်း မဟုတ်။ မြန်မာဆိုတာ တစ်လုံးပါသည်နှင့် Like and Share လုပ်ပြီး ဖြစ်နေသူများ။

စသဖြင့် အမျိုးမျိုး တွေ့ရလေသည့်နောက် ဘီဘီစီမှ ရေးထားသည့် နော်ခမ်းအကြောင်း တစေ့တစောင်း အား ဖော်ပြလိုက်ပါသည်။

အသက် ၄၃ နှစ် အရွယ် စိုင်းနော်ခမ်းဟာ အရင်တုန်း က ဘိန်းဘုရင် ဦးခွန်ဆာ တပ်မှာ တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်မှာ ဦးခွန်ဆာ မြန်မာ အစိုးရထံ လက်နက် ချ ပြီးတဲ့ နောက်မှာတော့ သူဟာ တာချီလိတ် ပြည်သူ့စစ် အဖြစ် ပြန်ဖွဲ့ပြီး၊ အဖွဲ့ကို ဦးဆောင် ခဲ့တာ ဖြစ်ပါ တယ်။

အဲဒီနောက် သူဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ကို အကြီး အကျယ် လုပ်ဆောင် ခဲ့တာ ဖြစ်ပြီး၊ အဖွဲ့ အချင်းချင်း ကြား ပြဿနာ တစုံ တရာ ဖြစ်ခဲ့ရာ ကနေ ပြေးရတဲ့ အထိ ဖြစ်ခဲ့ ပါတယ်။

သူဟာ မဲခေါင်မြစ် တကြော တရုတ်ပြည် သင်္ဘောတွေ ပေါ်က တရုတ် လောင်းကစား ဝိုင်းတွေ ဆီကနေ ဆက်ကြေး ကောက်ခံ တာတွေ လုပ်ခဲ့ပြီး၊ ဆက်ကြေး မပေးရင် ဖမ်းဆီး တာတွေ လုပ်ခဲ့သူ ဖြစ်ပါတယ်။

နောက်ပြီး မဲခေါင်မြစ်မှာ သွားလာ နေတဲ့ ကုန်တင် သင်္ဘောတွေ ဆက်ကြေး မပေးရင်လည်း ချောင်းပစ် တာတွေလည်း လုပ်ခဲ့သူ လို့ သိရပါတယ်။
နောက်ဆုံးမှာတော့ သေခါနီးအထိ ငြင်းသွားတဲ့ တရုတ်တွေကို သတ်ခဲ့သူဟု သိရပါသည်။


From :Opposite Eye

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here