ရှမ်းပြည်နယ်၊
လင်းခေးမြို့နယ်၊ မိုးနဲ-လင်းခေးသွား ကားလမ်းပေါ် တွင် မတ်လ ၂၇ ရက်နေ့က လမ်းခင်းလုပ်ငန်းဆောင်ရွက်နေသော
ထော်လာဂျီယာဉ်တစ်စီး တိမ်းမှောက်ပြီး လမ်းခင်းလုပ်သား တစ်ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း
သိရသည်။
မတ်လ
၂၇ ရက်နေ့ နေ့လည်ပိုင်းတွင် မိုးနဲ - လင်းခေး လမ်းခင်းရန် အတွက် လိုအပ်သောပစ္စည်းများ
တင်ဆောင်ကာ ယာဉ်မောင်း ဦးဖြိုးမင်းဇော် မောင်းနှင်လာသော ထော်လာဂျီယာဉ်သည် မိုင်တိုင်
အမှတ်၊ ၄၃/၅ နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိ ပေ ၁၀၀ ခန့်အနက်ရှိသော
ချောက်ထဲသို့ ထိုးကျ သွားခဲ့ကြောင်း သိရသည်။
အဆိုပါ
ယာဉ်မှောက်မှုတွင် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ဦးကျော်မင်းထွန်းသည် ဦးခေါင်းနှင့်
ရင်ညွှန့်တို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးခဲ့သည်။ ယာဉ်မောင်း ဦးဖြိုးမင်းဇော်နှင့်
ဦးကိုလတ် တို့ ၂ ဦးသည် မျက်နှာနှင့် ခြေလက်များတွင်ပွန်းပဲ့ဒဏ်ရာများရခဲ့ပြီး၎င်းတို့၂ဦးအားလင်းခေးမြို့ ပြည်သူ့ ဆေးရုံမှ တစ်ဆင့် တောင်ကြီးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးနေကြောင်း
သိရသည်။ လင်းခေးမြို့
ရဲစခန်းမှ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးဖြိုးမင်းဇော်အား အမှုဖွင့်အရေးယူ ထားကြောင်း
သိရသည်။