Saturday, March 30, 2013

ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်းရမိ

0 comments
မတ်(၃၀)

၂၈-၃-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် ရှမ်းပြည်နယ်ရှိ နယ်မြေခံတပ်မှ မန်တုံမြို့နယ်တွင် ပိုင်ရှင်မဲ့သစ်များတွေ့ရှိကြောင်း အကြောင်းကြားသဖြင့် မန်တုံရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ကျောက်မဲ သစ်တောဦးစီးဌာနမှ ၀န်ထမ်းများသည် တိုင်းတာစစ်ဆေးဆောင်ရွက်ရန် သွားရောက်ခဲ့သည်။
အဆိုပါနေရာသို့ရောက်ရှိပြီး စစ်ဆေးတိုင်းတာရာ ကျွန်းခွဲသားဆိုဒ်စုံ ၃၀၀ချောင်း၊ ၁၅.၄၉၃ တန်၊ တစ်တန်လျှင် ၂၅၀၀၀၀ိ/-နှုန်းဖြင့် တန်ဘိုးငွေကျပ် ၃၈၇၃၂၅၀ိ/-၊ ပိတောက်ခွဲ သားဆိုဒ်စုံ ၂၂၀ ချောင်း၊ ၃၀.၄၈၇ တန်၊ တစ်တန်လျှင် ၂၅၀၀၀၀ိ/-နှုန်းဖြင့် တန်ဖိုးဘိုးငွေ ၇၆၂၁၇၅၀ိ/-၊ တမလန်း သစ်ခွဲသားဆိုဒ်စုံ ၃၄၃ ချောင်း၊ ၂၃.၅၇၆ တန်၊ တစ်တန်လျှင် ၂၅၀၀၀၀ိ/- နှုန်းဖြင့် တန်ဘိုးငွေကျပ် ၅၈၉၄၀၀၀ိ/-တို့အားပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိသည့် သစ်များအား မန်တုံမြို့နယ်သစ်တောဦးစီးဌာနမှ လွှဲပြောင်းလက်ခံထားရှိပြီး ၄င်းသစ်များအား သယ်ယူ နိုင်ရေးနှင့် သစ်တောဥပဒေအရ အရေးယူနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here