Saturday, November 16, 2013

ဦးနေဝင်း မြေးတွေရဲ့ ဗီဇသရုပ်မှန်ပြပွဲ

0 comments

မနေ့က သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာတဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေး ၂ ဦးဖြစ် တဲ့ 
အေးနေဝင်းနဲ့ ကျော်နေဝင်းတို့ရဲ့ ကျနော်တို့ တပ်မတော်ဆိုတဲ့ ပြောစကားတွေနဲ့ သူ့အဖိုးလေ တထပ် တည်းကျကျ ပြောလိုက်ပါပြီ။ 


အေးနေဝင်းက ပြောတာက စစ်ခေါင်းဆောင်တွေက အဖေကြီး လို့ ခေါ်ကြတဲ့ သူ့အဖိုး သွားလေသူ ဦးနေဝင်း ကို သမိုင်း တရားခံ အဖြစ်မခံနိုင်လို့ နေအိမ်အကျယ်ချုပ်အတည်ပြု လက်မှတ်မထိုးပေးခဲ့တာ
ကြောင့် ကွယ်လွန်ချိန် ထိ လွတ်လပ်တဲ့ နိုင်ငံသား တဦးအနေနဲ့ အေးအေးချမ်းချမ်း နေသွားခဲ့တာပါတဲ့။ 

ဒါဆို အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းဟာ စစ်အစိုးရ သတင်းထုတ်ပြန်မှုတွေလုပ်ခဲ့ တဲ့ နေ အိမ် အကျယ်ချုပ် အကျယ်ချုပ်ချမှတ်ခဲ့တယ်ဆိုတာနဲ့ ကွဲလွဲနေပါပြီ။ 

တကယ်ပဲ နေအိမ်အကျယ်ချုပ် ချမှတ် မခံ ခဲ့ရဘူးလား ဆိုတာ လက်ရှိ အစိုးရ ခေါင်းဆောင်တွေ၊ လွှတ်
တော် က တာဝန်ရှိသူတွေ၊ အာဏာရ ကြံ့ဖွတ်ပါတီ ခေါင်းဆောင်များ ဖြေရှင်းကြပါကုန်။ 

နောက်ထပ် ဦးနေဝင်းရဲ့ မြေးတော်တယောက်ဖြစ်တဲ့ ကျော်နေဝင်းကတော့ နိုင်ငံရေး မလုပ်ဘူး လို့ ပြောပြီး ကိုယ့် တိုင်းပြည်၊ ရေမြေကို တိုင်းတပါးက ကျူးကျော်လာရင် ဒါမှမဟုတ် အချုပ်အချာ အာဏာကို ထိ ခိုက် စော်ကားလာရင် နိုင်ငံရေးတင်မက ဘာမဆို လုပ်ရဲတယ်လို့ ပြောသွားပါတယ်။ 

ဒါကိုတော့ အပြစ်မတင်လိုပါဘူး။ 

အဟဲ၊ ဒါပေမယ့် စစ်တပ်လို့ ပြောဆိုတဲ့ သူ့စကားတွေနဲ့ သူ့ကိုယ်သူ စစ်ခွေးလို့ ပြောတဲ့ စကားလုံးတွေကို စမ်းစစ် ကြည့်မိတယ်။ 

“နောက် တခုကတော့ ကျနော်တို့ တပ်မတော်၊ အစဉ်အလာ ကြီးမားတဲ့ တပ်မတော်. နော်…. မြင့်မြတ်တဲ့ တပ် မတော်၊ လက်ရှိ မြန်မာ့တပ်မတော်ကို ဘယ်နည်း ဘယ်ပုံနဲ့ပဲဖြစ်ဖြစ် အစဉ်အလာမဲ့အောင် သေး သိမ်အောင် ဒါ မှမဟုတ် တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပျောက်ကွယ်အောင် လုပ်မယ်ဆိုရင် ကျနော် ဘာမဆို ကျနော် လုပ်ရဲတယ်” ( ကျော်နေဝင်း)

မြန်မာ့တပ်မတော်ဟာ မြန်မာလွတ်လပ်ရေးတိုက်ပွဲအတွက် တကယ်ပဲ အစဉ်အလာကြီးမားပါတယ်။ ဒါကို
ထောက်ခံတယ်။ 

ဒါပေမယ့် အဲဒီ အစဉ်အလာ ကြီးမားတဲ့ တပ်မတော်ကို ပြည်သူ့ချဉ်ပတ်ဖြစ်အောင် ပုံဖျက် သွားတာက သူ့အဖိုးဖြစ်သူ ဦးနေဝင်းဆိုတာ ဘာလို့ မပြော သွားတာလဲ။ 

ဒီအပြင် တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပျောက်ကွယ်အောင် လုပ်မယ်ဆိုရင် ကျနော် ဘာမဆို လုပ်ရဲ တယ်ဆိုတော့ စကော်ပီယံ ဂိုဏ်းရဲ့ အဓိပတိကြီးရဲ့ စကားထဲက ဇာတိပြလာတာပေါ့။ 

သူ့အဖိုး လေသံဖြစ်တဲ့ တပ်မတော်ဆို တာ သေနတ်ကို မိုး ပေါ် ထောင်မပစ်ဘူး။ ပစ်ရင် တည့်တည့်ပစ် တယ် ဆိုတဲ့ စကားကို သွားသတိရတယ်။ လုပ်ချင်ရာလုပ်မယ်ကွာ၊ ဘာဖြစ်လဲ၊ ဘာမဆိုလုပ်ရဲတယ် လို့ 
ပြောလိုက်တာ၊ စော်ကားလိုက်ပြန်ပါပြီ။ ငါ့ တပ်မတော်၊ ငါတို့ တပ်မတော်တဲ့။

"နံပါတ် ၃ ကျွန်တော်တို့ရဲ့ အမျိုးဘာသာ သာသနာ၊ ကျနော်တို့။ ကျနော် ဗုဒ္ဓဘာသာပါ။ ဒါပေမယ့် အစွန်းရောက် ဗုဒ္ဓ ဘာသာ မဟုတ်ပါဘူး။ Very Strong ဗုဒ္ဓ ဘာသာပါ။ အဲဒီတော့ ကျနော်တို့ အမျိုး၊ ဘာသာ၊ သာသနာကို ထိခိုက်လာမယ်ဆိုရင် ကျနော် ဘာမဆို ကျနော် လုပ်ရဲပါတယ်" ( ကျော်နေဝင်း ) 

အမျိုး၊ ဘာသာ၊ သာသနာဆိုပဲ၊ သိပ်လှတဲ့ အစွန်းရောက်မျိုးချစ်တွေပြောတဲ့စကား သုံးလာပြန်တယ်။ ဒီအပြင် ရာရာစစ အစွန်းရောက် ဗုဒ္ဓဘာသာမဟုတ်ဘူးဆိုပြီး သိပ်ခိုင်မာတဲ့ ဗုဒ္ဓဘာသာဝင်တဲ့။ 

ဗုဒ္ဓ ဘာသာက လောဘ၊ ဒေါသ၊ မောဟတွေကို သတ်ပြီး အလောဘ၊ အဒေါသ၊ အမောဟ ဖြစ်အောင် သွန်သင်တဲ့ ဘာသာ သာသနာ၊ ရန်လိုတဲ့ ဘာသာ၊ သာသနာ မဟုတ်ဘူးဆိုတာ မလေ့လာထားဘူးဆို တာပေါ်လွင်တယ်။ 

ဗုဒ္ဓဘာသာဟာ ဘယ်လိုမှ ခွဲခြားဆက်ဆံမှု မရှိသလို အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတွေကို မြင်အောင်လေ့ ကျင့် ရှုမှတ်ပွားများရတဲ့ ဘာသာလည်းဖြစ်တယ်။ 

သူအခုပြောလိုက်တာက မြန်မာပြည်မှာ အဆိပ်တက်နေ တဲ့ အမျိုး ဘာသာ၊ သာသနာအကျိုးအော်ပြီး ဘာသာမတူ လူမျိုးကွဲပြားသူတွေကို စော်ကားဖို့ လုပ်နေတဲ့ ရေစီးကြောင်း ထဲ ခုန်ချလိုက်လို့ အဲဒီ့ လူပြိန်းတွေရဲ့ထောက်ခံမှုမျိုး ရမလားလို့ ပြောလိုက်တဲ့စကား၊ အလွန်နားခါးလှပါတယ်။ 

 “နောက်တချက်က ကျနော်တို့ တိုင်းပြည်ရဲ့ တစိတ်တဒေသ၊ နော်… ပဲ့ ထွက်သွားမယ်၊ ခွဲထွက် သွားမယ်၊ ဒါမှ မဟုတ် တခု ခု လုပ်မယ်ဆိုရင်၊ ဒီပုံစံမျိုးဖြစ်လာရင်လည်း ကျနော်သည် ငြိမ်နေ မယ့် ကောင် မဟုတ်ပါ ဘူး။ ကျနော် ဘာမဆို ကျနော် လုပ်ရဲပါတယ်” ( ကျော်နေဝင်း )

ကျော်နေဝင်းဟာ ဗီဇ စိတ်ပေါ်လာပြီး သူ့ကိုယ်သူ ကောင် ဆိုတဲ့ မိုက်ရိုင်းတဲ့ စကားနဲ့ အတူ တိရိစ္ဆာန် စိတ်နဲ့ လူ အဖြစ်ရှင်သန်နေသူလို့ သူကိုယ်တိုင် ထုတ်ပြောသွားတယ်။ ရှက်ဖွယ်လိလိပါ။ 

“ကျနော့်ကိုယ် ကျနော် ခံယူထားတာပြောတာ၊ ကျနော် စစ်ခွေးလို့ ကျနော့်ကိုယ် ကျနော် ခံယူထား ပါတယ်။ စစ် ခွေး ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် ကိုက်ဆို ကိုက်လိုက်မှာဘဲ။ လက်ပေးဆိုရင် ကျနော် လက်ပေး လိုက်မှာဘဲ။ ကာကွယ်ရေး ဦးစီးချုပ်ကပဲဖြစ်ဖြစ်၊ ဘယ်သူကပဲဖြစ်ဖြစ် တပ်မတော်မှာ အရာရှိကြီး တယောက် က ခိုင်းလာ ရင်တော့ ကျနော် ဘာမဆို လုပ်ပေးမှာဘဲ” ( ကျော်နေဝင်း )

ကဲ တိုင်းပြည်ကို ဆင်းရဲတွင်းနက်ကြီးထဲ ဆွဲပို့ပြီး စစ်တပ်လူတန်းစားသစ်မွေးဖွားပေးခဲ့တဲ့ ဦးနေဝင်းရဲ့ စစ်တပ် ကို အသုံးချမယ့်သွေးတွေ၊ ဗီဇတွေ ဖော်ထုတ်လာချေပြီ။ 

ရန်ကုန်မြို့ပြရဲ့ ညပိုင်း လမ်းတွေပေါ် တချိန်က ဆိုးသွမ်းခဲ့တဲ့ ကျော်နေဝင်းနဲ့ စကော်ပီယံ ဂိုဏ်း သားတွေ ဘာတွေ လုပ်ခဲ့တယ်ဆိုတာ အသိသက်သေတွေ တပုံကြီး ရှိနေတယ်နော်။ 

အင်း တဖက်က တရားဥပဒေစိုးမိုးရေး အရေးကြီးကြောင်း ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ 
ပြင်ဆင်ထားဖို့ လိုတာတွေ၊ သတိထားဖို့တွေ လိုအပ်နေပါပြီ။

အာဏာရှင် ဦးနေဝင်း မြေးရဲ့ လေသံတွေ၊ အပြုအမူတွေနဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ရဲ့ မြေး ဖိုးလပြည့်ရဲ့ လေသံတွေ၊ အပြုအမူတွေ ဘယ်သူသာလို့ ဘယ်သူ နာမယ် မသိရပေမယ့် ပြည်သူတွေကတော့ နာဖို့ ဖြစ်နေပြီ။ 

ဒီဖြစ်စဉ်တွေဟာ မြန်မာပြည်ကြီးရဲ့ကံကြမ္မာဆိုးတွေတပတ်ပြန်လည်လာဖို့ ခြေဆင်းတွေလား အောက်မေ့ ရ လို့ MM Play Boys ပရိသတ်ကြီးကို သတိပေးရေးသားလိုက်ပါတယ်။ 
MM Play Boys

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here