မတ်(၂၈)
(ဒီနေ့တော့ ကိုစစ်နိုင်အေးရေးထားတဲ့ သုံးသပ်ချက်ဆောင်းပါးလေးကို ဖော်ပြပေးပါ့မယ်ခင်ဗျာ...။)
- ဒီနေ့ဟာ (၆၈)နှစ်မြောက် တပ်မတော်နေ့ဖြစ်ပါတယ်။ နံနက်စောစော တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ရင် ဖြစ်ပေါ်လာတဲ့ ခံစားမှုလေး တချို့ကို ရေးသားချင်လာပါတယ်။
- စပြီးပြောရရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တပ်ကို စစ်ဆေးတဲ့နေရာမှာ သုံးတဲ့ယာဉ်နဲ့ ယန္တရားတပ်ဖွဲ့က အရာရှိတွေစီးတဲ့ ကွပ်ကဲမှုယာဉ်ဟာ တောင်ကိုရီးယား နိုင်ငံ KIA Company ထုတ် Retona Cruiser Jeep ဖြစ်ပါတယ်။ တပ်မတော်မှာ သုံးတာကို ပထမဆုံးမြင်ဘူးတာပါ။ ခေတ်မီယာဉ်တစ်မျိုးလို့ ပြောနိုင်ပါမယ်။ နောက်ပြီး ပါနေကျ နောင်ရိုးဂျစ်တွေလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ယာဉ်တန်းမှာ ပါလာပါတယ်။ Humvee နဲ့ ပုံစံတူတဲ့ အဲဒီကားတွေဟာလည်း Retona Jeep ထက်တောင် ပိုမိုလှပနေပါသေးတယ်။ စစ်ရေးပြမှူးကြီးစီးတဲ့ ကားကတော့ အိန္ဒိယနိုင်ငံ TA TA Company ထုတ် ဂျစ်ဖြစ်နိုင်ပါတယ်။
နောင်ရိုးဂျစ် စစ်သုံးယာဉ်
၁၀၅မမ တင့်ဖျက် တိုက်ခိုက်ရေးယာဉ်
SH-1 ၁၅၅မမ ယာဉ်တင်အမြောက်စနစ်
- နောက်ပိုင်းမှာ ဆက်လာတာက အမြောက်တပ်ဖွဲ့က D 30 122mm Howitzer ယာဉ်ဆွဲအမြောက် ဖြစ်ပါတယ်။ သူကလည်း (၆)စီးပါဘဲ။ ရုရှားနဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေမှာ နှစ်ပေါင်းများစွာသုံးလာခဲ့တဲ့ ခေတ်မီအမြောက်ဖြစ်ပါတယ်။
- အဲဒီနောက်က ပါလာတာက 37mm နဲ့ 57mm Anti-Aircraft Guns တွေဘဲဖြစ်ပါတယ်။ အဲဒါတွေကိုတော့ သိပ်သဘောမတွေ့လှဘူး။ သိပ်ခေတ်မမီတော့ လို့ဖြစ်ပါတယ်။
Pechora 2M လေကြောင်းရန် ကာကွယ်ရေး တာလတ်ပစ် ဒုံးလက်နက်စနစ်
နောက်တချက်ကတော့ တပ်မတော် (ရေ) နဲ့ တပ်မတော် (လေ)တို့ဟာ ယခင်နှစ်များလို တပ်ခွဲ (၁)ခွဲစီ မဟုတ်တော့ဘဲ တပ်ခွဲ (၂)ခွဲစီ ပါဝင်လာပါတယ်။ တပ်မတော် (လေ)ရဲ့ ပျောက်ကြား ဝတ်စုံ အရောင်ဟာပြောင်းလဲသွားပါပြီ။ တပ်မတော် (ရေ)ရဲ့ ၀တ်စုံဖြူဝတ် တပ်ခွဲကတော့ အထူးခြားဆုံးလို.ဆိုနိုင်ပါတယ်။ တပ်မတော် (ရေ)နဲ့ တပ်မတော် (လေ)က တပ်ခွဲ (၁)ခွဲစီဟာ လက်နက်သစ်တစ်မျိုးကို ကိုင်ဆောင်ချီတက်လာပါတယ်။ အဲဒါကတော့ MA -3 Mark III ဖြစ်ပါတယ်။ တပ်မတော် (ကြည်း)ရဲ့ တပ်ခွဲ အချို့ဟာလည်း MA – 1 Mark I များကိုင်ဆောင်ထားပါတယ်။ အဲဒီ သေနတ်တွေဟာ တရုတ်ရဲ့ QBZ 95 series နဲ့ ပြင်ပပုံစံ အတော်လေးတူပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါ။ နောင်နှစ် အနည်းငယ်အတွင်း တပ်မတော်သားအားလုံး ကိုင်ဆောင်တာကို မြင်ချင်နေမိပါတယ်။
တပ်မတော် (ကြည်း)
တပ်မတော် (ရေ)
ဒါတွေ အပြင် တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များရဲ့စွမ်းပကားကိုလည်း မျက်ဝါး ထင်ထင်တွေ့မြင်လိုက်ရပါတယ်။
အမ်အိုင်-၂ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်အမ်အိုင်-၃၅ တိုက်ခိုက်ရေး ရဟတ်ယာဉ်
အက်ဖ်-၇ တိုက်လေယာဉ်များ
အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်များ
ဒီလိုရေးရဲတာကလည်း တရားဝင်ထုတ်ဖော်ပြသလိုက်လို့ မိမိရဲ့ အမြင်ကို ရေးရဲတာဖြစ်ပါတယ်။
- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်းဟာလည်း ဒီနှစ်ရဲ့ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းတစ်ခုကို အလေးပေးဖော်ပြခဲ့လို့ပါဘဲ။ အဲဒါကတော့
(ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ဇွန်လ ၁၆ ရက်နေ့ တိုင်းပြုပြည်ပြုလွှတ်တော် မိန့်ခွန်းမှ)
- နောက်တစ်ချက်ထူးခြားတာက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာဘဲဖြစ်ပါတယ်။ အဲဒါဟာ တပ်မတော်အတွက်ကော သူမအတွက်ပါ (Win-Win) အခြေအနေပါဘဲ။ တပ်မတော်က သူမကို အသိအမှတ်ပြု လေးစားသလို သူမကလည်း တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို သက်သေပြလိုက်တာပါဘဲ။ သူမကို လွှတ်တော်ရေးရာကော်မတီ ဥက္ကဌ တစ်ဦး အနေနဲ့ ဖိတ်ကြားတာဖြစ်နိုင်ပါတယ်။ ကျွန်တော်မြင်တာကတော့ သူမရဲ့ ဖခင် အပါအဝင်ဖြစ်တဲ့ ရဲဘော်သုံးကျိပ်တို့ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုတပ်မတော်ကြီးရဲ့ လက်ရှိ အခြေအနေကို ပြသချင်လို့ ဖိတ်ကြားတာဖြစ်နိုင်တယ်လို့လဲထင်ပါတယ်။
- လာမည့်နှစ်များတွင်လည်း တပ်မတော်နေ့ကို ယခုနှစ်ထက် အဆင့်မနိမ့်စေဘဲ ပိုမိုခေတ်မီစွာကျင်းပနိုင်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းလျက်……..