ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ် ဒေသဦးစီး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဌာန ဆိုင်ရာများ ၊ လူမှုရေး အသင်း အဖွဲ့များ ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံပွဲကို မတ် ၉ ရက် နံနက် ၉ နာရီခွဲက ဆီဆိုင်မြို့ မြို့နယ် ခန်းမ၌ ကျင်းပရာဆီဆိုင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်က ဒေသဆိုင်ရာ အချက်အလက် များကို ရှင်းလင်း တင်ပြပြီးနောက် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင် က ဖြည့်စွက်ရှင်းလင်း တင်ပြ၍ ဒေသခံ ပြည်သူများက အထွေထွေ ကိစ္စရပ် များကို ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ရှမ်းပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က ပညာရေးနှင့် ကျန်း မာရေး စောင့်ရှောက်မှုတို့ အတွက် ပြည်နယ် အစိုးရ အဖွဲ့မှ လှူဒါန်းသော အလှူငွေ ကျပ် ၁ဝ သိန်းစီအား ပေးအပ် လှူဒါန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူ များက လက်ခံ ရယူကြသည်။
ဆက်လက်၍ ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင်က ဥပဒေ ရေးရာ ကိစ္စရပ် များကို လည်းကောင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က တရား စီရင်ရေး ဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း ရှင်းလင်း ပြောကြားပြီး ပြည်နယ် ဝန်ကြီး ချုပ်က လမ်းညွှန် အမှာစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော် တရား သူကြီးချုပ် ၊ ပြည်နယ် ဝန်ကြီးများ ၊ ပြည်နယ် ဥပဒေချုပ် ၊ အစိုးရ အဖွဲ့ အတွင်းရေးမှူး ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
အဆိုပါ တွေ့ဆုံပွဲ အပြီးတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ် ဆက်သွယ် ဖောက်လုပ်ထားသည့် တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်း ကတ္တရာ ခင်းခြင်း လုပ်ငန်းဆောင်ရွက် နေမှုကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူ များက ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်သည် ဆီဆိုင်မြို့ ရေပေးဝေမှု လုပ်ငန်း ဆောင်ရွက်နေသည့် ဆီဆိုင်မြို့ ဇဝနရာ မပရိယတ္တိ စာသင်တိုက် အနီးရှိ ပင်မ ရေထွက်ကို သွားရောက် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူ များက ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
မြ၀တီ