ပြည်ပသို့
သစ် အလုံးလိုက် တင်ပို့မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍
ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော
ဝန်ကြီးဌာန မှတဆင့် ဆိုသည်။
“သစ်နဲ့ပတ်သက်ပြီး သစ်အချောထည်နဲ့ တဝက်တပျက် အချောထည်အဖြစ်
သာ တင်ပို့ခွင့်ကို ဝန်ကြီးဌာနက မတ်လ ၂၉ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်
ပြီးဖြစ်ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ထို့သို့ ပိတ်ပင်ရခြင်းမှာ ပြည်သူလူထု တရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် နိုင်ငံတော်၏ အဓိက သယံဇာ
တ တခုဖြစ်သည့် သစ်တော သယံဇာတများ ရေရှည် အကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ် လုပ်ကိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“အခုလို သစ်အလုံးလိုက်တင်ပို့မှုကို ပိတ်လိုက်တာဟာ ၂၀၁၁ ခုနှစ် လောက်ကတည်းက
ကုန်ကြမ်း မလုံလောက် လို့ ရပ်ထားရတဲ့ သစ်စက်တွေ၊ ပိတ်လိုက်ရတဲ့
သစ်စက်တွေနဲ့အတူ အလုပ်လက်မဲ့
ဖြစ်ခဲ့ရတဲ့ သစ်စက် အလုပ်သမားတွေ လက်လွှတ်လိုက်ရတဲ့ အ
လုပ်တွေ ပြန်လည် ရရှိနိုင်တော့မှာပါ” ဟု တောင်ဥက္ကလာပရှိ သစ်
စက်လုပ်ငန်းရှင် ဦးအောင်မိုး က မျှော်လင့်သည်။
ထို့အပြင် ပြည်ပ လုပ်ငန်းရှင်များက သစ်အချောထည် စက်မှုလုပ်ငန်း
ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနိုင်ကြောင်း မြန်မာနိုင်ငံ
သစ်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။
ပြည်ပသို့
သစ် အလုံးလိုက် တင်ပို့မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍
ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော
ဝန်ကြီးဌာန မှတဆင့် ဆိုသည်။
“သစ်နဲ့ပတ်သက်ပြီး သစ်အချောထည်နဲ့ တဝက်တပျက် အချောထည်အဖြစ်
သာ တင်ပို့ခွင့်ကို ဝန်ကြီးဌာနက မတ်လ ၂၉ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်
ပြီးဖြစ်ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ထို့သို့ ပိတ်ပင်ရခြင်းမှာ ပြည်သူလူထု တရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် နိုင်ငံတော်၏ အဓိက သယံဇာ
တ တခုဖြစ်သည့် သစ်တော သယံဇာတများ ရေရှည် အကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ် လုပ်ကိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“အခုလို သစ်အလုံးလိုက်တင်ပို့မှုကို ပိတ်လိုက်တာဟာ ၂၀၁၁ ခုနှစ် လောက်ကတည်းက ကုန်ကြမ်း မလုံလောက် လို့ ရပ်ထားရတဲ့ သစ်စက်တွေ၊ ပိတ်လိုက်ရတဲ့ သစ်စက်တွေနဲ့အတူ အလုပ်လက်မဲ့
ဖြစ်ခဲ့ရတဲ့ သစ်စက် အလုပ်သမားတွေ လက်လွှတ်လိုက်ရတဲ့ အ
လုပ်တွေ ပြန်လည် ရရှိနိုင်တော့မှာပါ” ဟု တောင်ဥက္ကလာပရှိ သစ်
စက်လုပ်ငန်းရှင် ဦးအောင်မိုး က မျှော်လင့်သည်။
ထို့အပြင် ပြည်ပ လုပ်ငန်းရှင်များက သစ်အချောထည် စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနိုင်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။