Saturday, March 30, 2013

သွားကိုက်ခြင်းအတွက် အိမ်တွင်းကုထုံးများ

0 comments
မတ်(၃၀)
သွားကိုက်တယ်ဆိုတာ သွားနဲ့မေးရိုးတစ်ဝိုက်မှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာခံစားရတာပါပဲ... သွားကိုက်ရတဲ့အကြောင်းရင်းကတော့ အများကြီးရှိပါတယ်... သွားအခေါင်းပေါက်တွေ၊ ကျိုးနေတဲ့သွားတွေ၊ ပိုးစားထားတဲ့သွားတွေ၊ သွားအရင်းထဲကနာတာတွေနဲ့ သွားဖုံးရောဂါစတာတွေတို့ကြောင့်ဖြစ်ပါတယ်...

ပထမနည်းလမ်းကတော့ လက်မနဲ့လက်ညိုးကြားကနေရာကို ရေခဲတုံးနဲ့ ၅ မိနစ်ကနေ ၇ မိနစ်လောက်ပွတ်ပေးပါတဲ့... အဲ့ဒါဆိုရင် အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး သွားကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေတယ်လို့သိရပါတယ်...

နောက်တစ်နည်းကတော့ ကြက်သွန်ဖြူတစ်မြွှာကို ဆားနည်းနည်းဖြူးပြီး ကိုက်နေတဲ့သွားမှာကပ်ထားလိုက်ရင် သွားကိုက်ပျောက်စေတယ်လို့လည်းသိရပါတယ်... ဒါမှမဟုတ်ရင်လည်း ကြက်သွန်ဖြူတစ်မြွာကို နေ့စဉ်ဝါးစားခြင်းဖြင့် သွားကိုက်ခြင်းမှကင်းဝေးစေတယ်လို့လည်း ဆိုထားပါတယ်...

သွားကိုက်ဝေဒနာက လက်ငင်းသက်သာပျောက်ကင်းစေတဲ့ ကောင်းမွန်တဲ့အိမ်တွင်းကုထုံး နောက်တစ်မျိုးကတော့ ကိုက်နေတဲ့သွားအပေါ်ကို vanilla အရည် နှစ်စက်သုံးစက်လောက်ချပေးခြင်းပဲဖြစ်ပါတယ်...

နောက်ထပ်တစ်နည်းကတော့ ပရုတ်ဆီပါးပါးကို သွားကိုက်တဲ့ဘက်ကမျက်နှာပြင်ပေါ် လိမ်းပြီး တစ်သျှူးစက္ကူနဲ့အပေါ်ကဖုံးအုပ်ကာ အိပ်ယာပေါ်လဲလျောင်းနေရပါမယ်... ပရုတ်ကအပူကို အရေပြားကစုပ်ယူသွားပြီး သွားကိုက်တာက သက်သာလာပါလိမ့်မယ်...

နောက်ဆုံးတစ်နည်းကတော့ အာလူးကိုတစ်စိပ်လာက်လှီးဖြတ်ပြီး ကိုက်နေတဲ့သွားပေါ် ၁၅ မိနစ်လောက်ထားထားလိုက်ရင်လည်း သွားကိုက်ပျောက်စေတယ်လို့သိရပါတယ်...

အေးချမ်းမွန်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here