Tuesday, March 5, 2013

လွိုင်ကော်မြို့တွင် အရက်ကြောင်ကြောင်ပြီး မိမိကိုယ်ကို ပြန်သတ်သေ

0 comments
မတ်(၅)



ကယားပြည်နယ်၊ လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်တွင် မတ်လ(၄)ရက်နေ့ နေ့လည်ပိုင်းတွင် အမျိုးသား တစ်ဦး အရက်ကြောင်ပြီး မိမိကိုယ်ကို ရက်ရက်စက်စက် သတ်သေမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်၊ ကမ္ဘာအေးလမ်း အမှတ်(လ/၂) နေ ကိုစန်း (ကျပန်းလုပ်ကိုင်သူ)သည် မတ်လ(၄)ရက်နေ့ နေ့လည်ပိုင်းတွင် အရက်ကြောင် ကြောင်ပြီး မိမိကိုယ်ကို ဘရိတ်ဓားဖြင့် လက်နှစ်ဖက် ၊ ခြေနှစ်ဖက်နှင့် လည်ပင်းတို့ကို လှီးဖြတ်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ကိုစန်း၏ အလောင်းအား လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ပြီး သေဆုံးမှု အား သေမှုသေခင်း အမှတ်စဉ်(၂/၂၀၁၃)ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here