Tuesday, March 5, 2013

RCSS/SSA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် အသံကောင်းဟစ်နေသော်လည်း ဘိန်းစိုက်ပျိုးခြင်းကို လက်မလွတ်သေး

0 comments
မတ်(၅)



ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ယွက်ဆစ်အဖွဲ့ အနေနဲ့ အစိုးရနဲ့ငြိမ်းချမ်းရေးကမ်းလှမ်းပြီး နောက်ပိုင်း မှာ ရှမ်းပြည်နယ်အတွင်း နယ်မြေတိုးချဲ့ခြင်း၊ တပ်ဖွဲ့ဝင်အသစ်များစုဆောင်းခြင်းတွေပြုလုပ်နေပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး(ဘိန်း)စိုက်ပျိုးမှုလုံးဝကင်းရှင်းကြောင်း သက်သေပြနိုင်ဖို့ RCSS/SSA ဌာနချုပ်မှာ မူးယစ်ဆေးဝါးဖျက်ဆီးမှုတွေ လုပ်ဆောင်ပြခဲ့ပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ်မှာ ရှိတဲ့ ပြည်သူအများစုရဲ့ အမြင်မှာ ဗိုလ်ချုပ်ကြီးယွက်ဆစ်ရဲ့ တပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါးကို တကယ် တိုက်ဖျက် နေတယ်လို့ထင်မြင်ယူဆခဲ့ကြပါတယ်။

အမှန်တကယ်တော့ ဗိုလ်ချုပ်ကြီးယွက်ဆစ်အဖွဲ့ဟာ ပြည်သူတွေကို တဖက်လှည့်နဲ့ လိမ်ညာခဲ့တာပါ။ အစိုးရနဲ့ငြိမ်းချမ်းရေး လုပ်ဆောင်ထားတယ်ဆိုတာကလဲ တကယ်တော့ SSA အဖွဲ့တွေ လွတ်လွတ် လပ်လပ်သွား လာလို့ရအောင် အကွက်ဆင်လိုက်ခြင်းပဲဖြစ်ပါတယ်။ ကွန်ဟိန်းမြို့နယ်အတွင်းမှာရှိတဲ့ ၀မ်လော၊ ပန်ဟုတ်၊ လုံမော့၊ လိုက်ကမ် စတဲ့ရွာတွေမှာ SSA ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ စ၀်စိုင်းရီက အဲဒီရွာတွေကဘိန်း စိုက်ပျိုးတဲ့သူတွေဆီကနေ ဘိန်းခင်း ၁ ဧကကို ဘိန်း(ငါးကျပ်သား)ပေးဆောင်ဖို့ မတ်လ ၄ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပြီးပြောခဲ့ပါတယ်။

အဲဒီမှာရှိကြတဲ့ရွာလူကြီးတွေအနေနဲ့ ဘိန်းစိုက်ပျိုးဖို့ စိတ်အားမသန်ကြပေမယ့် SSA အဖွဲ့တွေ ကို ကြောက် လွန်းလို့ သူတို့ခိုင်းတဲ့အတိုင်းလုပ်ဆောင်နေရတာဖြစ်ပါတယ်။ ဘိန်းခင်းတွေစိုက်ပျိုးတဲ့နေရာမှာလဲ အစိုးရစစ်တပ်တွေမမြင်မတွေ့နိုင်တဲ့နေရာတွေမှာ စိုက်ရမယ်လို့အမိန့်ပေးထားတာကြောင့် ရွာသားတွေ အနေနဲ့ လူသူအရောက်အပေါက်အလွန်နည်းတဲ့ တောင်စောင်းတွေမှာ သွားရောက်စိုက်ပျိုး နေကြရ ပါတယ်။

SSA အဖွဲ့အနေနဲ့ သူတို့ရဲ့အဓိကနယ်မြေဖြစ်တဲ့ကျေးရွာတွေမှာ ဘိန်းတွေကိုမဖြစ်မနေ စိုက်ပျိုး ခိုင်း နေ သလို တပ်ဖွဲ့အတွက်လိုအပ်တဲ့ရန်ပုံငွေကိုလည်း အဲဒီရွာတွေကပဲ ပေးပို့နေရပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ကျေးရွာလူကြီးတစ်ဦးဖြစ်တဲ့ဦးစိုင်းနောင်ကပြောပြရာမှာ “ကျနော်တို့ရွာတွေမှာ သူတို့က ဘိန်း တွေစိုက်ခိုင်းတယ်။ စိုက်ခိုင်းတယ်ဆိုတာ မြင်မြင်ထင်ထင်စိုက်ခွင့်ပေးတာမဟုတ်ပါဘူး။ စစ်တပ်တွေ မလာ နိုင်တဲ့ တောင်စောင်းတွေမှာ စိုက်ရပါတယ်။ စိုက်လို့ရတဲ့ဘိန်းတွေကို သူတို့ဆီမှာပဲ သူတို့ဖြတ် တဲ့ဈေးနှုန်း နဲ့ပြန်သွင်းရပါတယ်။ ဒါ့အပြင်တစ်ဦးချင်းဆီကနေ ဘိန်း ၅ ကျပ်သားအလကားပေးရပါတယ်။ အခုဒီနှစ်မှာ တော့ ဘိန်းစိုက်တဲ့ရွာတွေကနေ သူတို့ရဲ့  စစ်သင်တန်းတွေဖွင့်ဖို့ကုန်ကျစရိတ်ပေးရမယ်လို့ ဗိုလ်မှူးစံသြက ပြောပါတယ်။ ပြီးတော့သူတို့ကရှမ်းအချင်းချင်းမထောက်ခံတဲ့သူတွေကို သတ်ပစ်မယ်လို့ ကျွန်တော်တို့ကို ကျိန်းမောင်းပါတယ်။..တကယ်တော့ ရှမ်းပြည်နယ်တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးတွေ ကိုဖျက်ဆီးနေ တယ်ဆိုတာ လူမြင်ကောင်းအောင်လုပ်ပြတာပဲ ဖြစ်ပါတယ်”လို့  ကွန်ဟိန်းမြို့ ဒေသခံများ မှ ပြောပြပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here