Tuesday, March 26, 2013

မလေးရှား-ထိုင်းနယ်စပ်မှာ အဖမ်းခံရတဲ့မြန်မာများ ကားမှောက်၊ ဒဏ်ရာရ

0 comments

မတ်(၂၆)
   မလေးရှား-ထိုင်း နယ်စပ်မှာ အဖမ်းခံရတဲ့မြန်မာပြည်သားတွေကို သယ်ဆောင်လာတဲ့ ကားတစီး  ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်တဲ့အတွက်  ၁၅ဦး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။

 


(ဓာတ်ပုံများ - www.dailynews.co.th)  

 ထိုင်းနိုင်ငံ ရတ်ချဘူရီမြို့နယ်ထဲမှာဖြစ်ခဲ့တဲ့ ဒီမတော်တဆမှုကြောင့် ဆေးရုံပို့လိုက်ရသူတွေထဲ ကလေးငယ် ၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
တယောက်က အသက် ၆ နှစ်၊ တယောက်က  ၄ လ လို့ သိရပါတယ်။

ကားမှောက်ပြီး လမ်းဘေးထိုးကျသွားရတဲ့အကြောင်းရင်းက ဘီးပေါက်တဲ့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

တရားဝင် စာရွက်စာတမ်း မရှိတဲ့အတွက် သူတို့ အဖမ်းခံရတယ်၊ သူတို့ကို   နေရပ်ရင်းပြန်ပို့ဖို့ မဲဆောက်မြို့ကို အသွားမှာ ဒီမတော်တဆမှု ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။

သန်းထိုက်ဦး ~

ကိုးကား - www.dailynews.co.th



 ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here