Saturday, March 30, 2013

ကျိုင်းတုံမြို့၊ ကျိုင်းတုံဘူတာရှိရထားတွဲ ၃ တွဲကိုအကျိုးရှိရှိအသုံးချပေးစေလို

0 comments
မတ်(၃၀)

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နှင့် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ကို ဆက်သွယ်  မည့်မိုးနဲ၊ ကျိုင်းတုံရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း၏ကျိုင်းတုံ  လမ်းပိုင်းမှ ရထားလမ်းအရှည် အနေဖြင့် ခရီးမိုင် ၅.၆ မိုင်၊ သံလမ်းမိုင် ၆.၆ မိုင်ရှိ ကျိုင်းတုံ  ၀မ်ကောင်းလမ်းပိုင်းကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ကာ ရထား တွဲ ၏ ရှေ့ပိုင်းနှင့် နောက်ပိုင်းများတွင် စက်မောင်ခန်း ၂ ခန်းမှ ရထားတွဲ ၃ တွဲ (RBE 25.62၊RBE 25.63၊ RBE 25.48) ဖြင့် ကျိုင်းတုံ  ဘူတာမှ ၀မ်ကောင်းဘူတာသို့ရက်  အနည်းငယ်ကြာ သာခုတ်မောင်း ပြေးဆွဲခဲ့ကြောင်း ယခုအခါရထား   ပြေးဆွဲမှုမပြုနိုင်ခဲ့သည်မှာ ၂ နှစ် ကျော် ကြာမြင်ခဲ့ပြီဖြစ်ပြီး၊ ရထား  တွဲ ၃ တွဲမှာလည်း ကျိုင်းတုံဘူတာ  နှင့် မနီးမဝေးတွင် အမိုးအကာမဲ့ တည်ရှိနေရကာရထားလမ်းပိုင်း တစ်လျှောက်တွင်လည်း ခြုံနွယ်  ပိတ်ပေါင်းများစွာ ဖုံးလွှမ်းနေခြင်း  တောင်ကမ်းပါးရံများမှ မြေကြီး များ ရထားလမ်းပေါ်ပုံကျပိတ်ဆို့ နေခြင်းနှင့် ရထားသံလမ်းများ ပျက်စီးနေခြင်းများဖြစ်ပေါ်လျှက် ရှိနေကြောင်း သိရသည်။

“မိုးနဲ-ကျိုင်းတုံရထားလမ်း  ဖောက်လုပ်ရေးစီးမံကိန်းလုပ်ငန်း ကို ပြန်လည်လုပ်ကိုင်ဆောင်ရွက် ဖို့အစီအစဉ်မရှိတော့ဘူးဆိုရင်ဒါမှ မဟုတ်လည်း ပြန်လည်လုပ်ကိုင် ဆောင်ရွက်ဖို့လုပ်ငန်းအစီ အစဉ်  တွေက အချိန်ကာလအနေနဲ့များ စွာကြာမြင့်နေအုံးမယ်ဆိုရင် ကျိုင်းတုံဘူတာအနီးမှာရှိနေတဲ့ ရထားတွဲ ၃ တွဲစလုံးကို ရထားလမ်း ပိုင်းများကိုသာ မီခိုအားထားနေ  ကြရတဲ့ တိုင်းဒေသ ကြီး နဲ့ ပြည်နယ်တစ်ခုခုရဲ့ မြို့ရွာဒေသ တစ်ခုခုဆီကို ပြန်လည်သယ်ဆောင်  ခုတ်မောင်းပြေး ဆွဲပေး မယ်ဆိုရင်  သက်ဆိုင်ရာမြို့ရွာဒေသတစ်ခုခု မှ ဒေသခံပြည်သူများအနေနဲ့ လမ်းပန်းဆက် သွယ်မှု ပိုမိုမြန်ဆန် ချောမွေ့စေခြင်း အကျိုးကျေးဇူး ကို ရရှိခံစားကြရမှာဖြစ်သလိုသိန်း ပေါင်းများစွာတန်ဖိုးရှိတဲ့ ရထား တွဲ ၃ တွဲမှာလည်း အလဟသပျက်  စီးဆုံးရှုံးစေခဲ့ဘေးအန္တရာယ်မှ လည်းကင်းဝေးစေ မှာဖြစ်ပါတယ်” ဟု ကျိုင်းတုံမြို့နေဒေသခံပြည်သူ  တစ်ဦးကပြောပြသည်။

“ကျိုင်းတုံမြို့၊ ကျိုင်းတုံဘူတာ  အနီးမှာရှိနေတဲ့ ရထားတွဲ ၃တွဲ ကို ယခုလက်ရှိအတိုင်းဘဲ ဆက်လက် ထား ရှိသွားမယ်ဆိုရင် တော့ ပျက်စီးဆုံးရှုံးသထက်ပျက်စီး   ဆုံးရှုံးမှုများသာဖြစ်ပေါ်စေမှာဖြစ် ပါတယ်။ ရေရှည်အဖို့မှာ ကျိုင်းတုံ  မြို့နေလုပ်သားပြည်သူများကို “ရထားဆိုတာဒါပါပဲ ဗျာ/ ရှင်” လို့ လက်ညှိးညွှန်ပြသစရာပစ်္စည်း  တစ်ခုအဖြစ်သောဖြစ်သွားနိုင်တာ မို့သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်း များက လိုအပ်သလိုအရေးယူ ဆောင်ရွက်မှုများပြုလုပ်ပေးရင်  သိပ်ကောင်းမှာဖြစ်ပါတယ်”ဟု အဆိုပါပုဂ်္ဂိုလ်ကထပ်မံပြောကြား သည်။
Hot News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here