၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်နေ့ ၊ နေ့လည် ( ၁ ) နာရီ တွင်တိုင်းရင်းသားညွန့်ပေါင်း အဖွဲ့ (COBEM) မှကြီးမှုးကျင်း ပသော ပြည်တွင်းကချင်ဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေပွဲကို Kuala Lumpur Chinese Assembly Hall ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းရံပုံငွေရှာဖွေပွဲကြီးတွင် မလေးရှားရောက်တိုင်းရင်းသားများဖြစ်ကြသောကချင်၊ကယား၊ကရင်၊ချင်း၊ မွန်၊ရခိုင် ဒုက္ခသည်အဖွဲ့အစည်းတို့မှတိုင်းရင်းသားညီအစ်ကိုမောင်နှမ တစ်ထောင် နီးပါးလာရောက် ပူးပေါင်း ပါဝင်ခဲ့ကြပါသည်။
တိုင်းရင်းရိုးရာယဉ်ကျေးမူအစုံအလင်နှင့်အကပဒသာFashionShowစသည်ဖြင့်ဝေေ၀ဆာဆာ ဖျော်ဖြေ
တင်ဆက်သွားကြ ပါသည်။မလေးရှားနိင်ငံရှိ NGO အဖွဲ့အစည်းများဖြစ်သော Swram နှင့် Tenaganita တို့မှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး Tenaganita မှကိုယ်စားလှယ် Miss Katrina မှယခုလိုတက်ရောက်လာရခြင်း အတွက်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း လူသားခြင်းစာနာမှု၊ တန်းတူရည်တူရှိမူနှင့်လူသားတိုင်းတူညီသောအခွင့်အရေး ရရှိစေလိုကြောင်းတိုင်းရင်းသားလူမျိုးစုများ အားလုံးပါဝင်ကြသည့်အတွက်ဝမ်းမြောက်မိပါကြောင်းပြောကြားသွားပြီးညနေ ၅ နာရီခွဲတွင် ကချင် ဒုက္ခသည်များအတွက်ရံပုံငွေရှာဖွေပွဲကြီးကိုအောင်အောင်မြင်မြင်ကျင်းပပြီးဆုံးခဲ့ပါသည်။ယင်းပွဲကြီးသည် ပထမဆုံးအကြိမ် တိုင်းရင်းသားများအားလုံးပါဝင် သောရံပုံငွေရှာဖွေပွဲကြီးလည်းဖြစ်သည်။
| MKO Activities အချို့ကိုပြသထား..။ |
| ချင်း ရိုးရာယဉ်ကျေးမှု အကအဖွဲ့..။ |
| MKO ကျောင်းသားလူငယ်များဒုံးအကအဖွဲ့...။ |
| ကချင်(လီဆူး) တိုင်းရင်းသားများ...။ |
| ရှမ်းတိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့...။ |
| မွန် တိုင်းရင်းသူလေးများ..။ |
| ရခိုင် အကပဒေသာ အဖွဲ့..။ |
| ချင်း တိုင်းရင်းသားတိုင်းရင်းသူလေးများ..။ |
| ကရင်နီ(ကယား) တိုင်းရင်းသားတိုင်းရင်းသူလေးများ...။ |
| MKO လူငယ်ဒုံးအဖွဲ့အမှတ်တရ...။ |
| MKO ကလေးငယ်လေးများမှလည်းဒုံးယိမ်းအကဖြင့်ခုလိုတင်ဆက်ခဲ့သည်...။ |
| ကချင်မျိုးနွယ်စုတခုမှတိုင်းရင်းသား၊ တိုင်းရင်းသူလေးများ...။ |
| ကချင်(လီဆူး)လူငယ်မောင်မယ်များ၏ ယဉ်ကျေးမှုအက..။ |
| ရခိုင် တိုင်းရင်းသူလေးများ၏အကပဒေသာ..။ |
| MKO ချက်ပြုတ်ရေးအဖွဲ့မှ တက်ကြွပျော်ရွှင်စွာ မေတ္တာပြခဲ့ကြသည်...။ |
| COBEM(တိုင်းရင်းသား ညွန့်ပေါင်းအဖွဲ့)။ |