ဧပြီ(၂၉)
မျက်စိမှုန်ရခြင်းသည် အကြောင်း ရင်းများစွာကြောင့်ဖြစ်နိုင် သည်။ အောက်ပါရောဂါလက္ခဏာ များကို လေ့လာပြီးမျက်စိမှုန်ပြဿနာ ကို အကြမ်းဖျင်းစစ်ဆေးနိုင်သည်။
(၁) အဝေးမှုန်ခြင်း (Myopia)
မိခင်၊ ဖခင်တစ်ဦးဦးအဝေးမှုန် ပါက သားသမီးများပါ အဝေးမှုန် တတ်သည်။ အနီးကပ်အာရုံစူးစိုက် ကြည့်ရှုဖန်များလျှင် အဝေးမှုန်လာ တတ်သည်။ အဝေးမှုန်ခြင်းကို မျက်မှန်၊ မျက်ကပ်မှန်တပ်ဆင်ခြင်း နှင့် ခွဲစိတ်ခြင်းတို့ဖြင့် ကုသနိုင် သည်။
(၂) အနီးမှုန်ခြင်း (Hyperopia)
ကျွန်ုပ်တို့အတော်များများသည် မွေးစဉ်ကတည်းက အနီးမှုန်လာကြ သည်။ အသက်ကြီးလာသည်နှင့် ကလေးဘ၀မှာပင် အမြင်အာရုံပုံမှန် ဖြစ်လာတတ်သည်။ သို့သော် အနီး မှုန်ခြင်းဆက်လက်ဖြစ်ပေါ်နေသူများ ၌ အဝေးရှိအရာဝတ္ထုများသာ ရှင်းရှင်းလင်းလင်းမြင်ရပြီး စာဖတ်လျှင်၊ သိုးမွေးထိုးလျှင်မမြင်ရတော့ဘဲ ခေါင်းကိုက်ခြင်း၊ မျက်ရိုးကိုက်ခြင်း များ ခံစားရတတ်သည်။ မျက်မှန်၊ မျက်ကပ်မှန် တပ်ဆင်ခြင်းနှင့် ခွဲစိတ် ခြင်းတို့ဖြင့် ကုသနိုင်သည်။
(၃) သက်ကြီးမှုန် (Presbyopia)
အသက် (၄၀) ကျော်သည်နှင့် အနီးမှုန်၊အဝေးမြင်ဖြစ်လာခြင်းကို သက်ကြီးမှုန် (Presbyopia) ဟုခေါ် သည်။ စာကြည့်မျက်မှန်နှင့် ဘိုင်ဖို ကယ်မျက်မှန်များ တပ်ဆင်နိုင် သည်။
(၄) မြင်လွှာဆုံချက်မညီခြင်း (Astigmatism)
မျက်ကြည်လွှာအခုံးပုံမမှန်လျှင် ပုံရိပ်ဆုံချက်မညီဘဲ မြင်လွှာပေါ် တကွဲတပြားကျရောက်လေ့ရှိရာ မျက်စိ မှုန်ခြင်းနှင့်အတူ ခေါင်းကိုက် ခြင်း၊ နုံးခြင်း၊ မျက်ရိုးကိုက်ခြင်းတို့ ခံစားရနိုင်သည်။
(၅) အတွင်းတိမ် (Glaucoma)
အတွင်းတိမ်ကြောင့် အမြင် အာရုံကြော (Optic Nerve) ကိုဖိ အားကြာရှည်သက်ရောက်လျှင် အမြင်အာရုံကြောပျက်စီးပြီး မျက်စိ ကွယ်တတ်သည်။ အမြင်အာရုံချို့ တဲ့လာမှ အတွင်းတိမ်ဖြစ်ကြောင်း သိရလေ့ရှိရာ အတွင်းတိမ်ကိုစောစီးစွာသိရှိနိုင်ရန် အသက် (၄၀) ကျော် သည်နှင့် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် မျက်စိစမ်းသင့်သည်။
(၆) ရေတိမ် (Cataract)
အသက်အရွယ်ရလာသည်နှင့် မျက်စိမှန်ဘီလူးတွင် ပရိုတင်းများစု ပုံလာသည့်အခါ မြင်လွှာပေါ်တွင် ပုံရိပ်များစုဆုံမကျတော့ဘဲ မျက်စိ မှုန်ခြင်း၊ ညအခါ၌ အရောင်များမူမမှန်ခြင်းတို့ဖြစ်တတ်သည်။ အလွန်ထူ ထပ်လျက်ရှိသော ရေတိမ်များကို စက်ဝိုင်းတစ်ခုအဖြစ် သာမန်မျက်စိ နှင့်ပင်မြင်နိုင်သည်။
သီဟ Source: WebMD
Health Updates Journal
Monday, April 29, 2013
Subscribe to:
Post Comments (Atom)