Thursday, April 4, 2013

တရားခံဖော်ထုတ်ရန်ခက်ခဲနေသည့်လူသတ်မှု

0 comments
ဧပြီ  (၄)

တရုတ်နိုင်ငံ၊ ဇီဂျန်ပြည်နယ်၊ ဟန်းဇူမြို့ တွင် မတ်လ ၁၅ရက်က အသက်၂၀ကျော် အရွယ် အမျိုး သမီး တစ်ဦး၏ ရုပ် အလောင်း အားရေကန် တစ်ခု နံဘေး တွင်စွန့်ပစ်ထား သည် ကိုတွေ့ ရှိခဲ့ ရသည်။

ထို လူသတ်မှု အတွက်တွေ့ ရှိရ သည့် တစ်ခု တည်းသော သဲလွန် စမှာ အလောင်းနံဘေးရှိ ဖဲချပ် ၃ ချပ်ပင်ဖြစ် သည်။ ထိုဖဲချပ်များ မှာ စပိတ်-၅ ဖဲချပ်တစ်ချပ်၊ ဒိုင်းမွန်းဂျက်ဖဲချပ် တစ်ချပ်နှင့် စပိတ်ကင်း ဖဲချပ်တစ် ချပ်တို့ဖြစ် ကြသည်။

ဒေသခံ ရဲများက လူသတ်မှု ဖြစ်ပွားသည်ဟု ယူဆရသည့် အချိန် အတွင်း ထိုဒေသ တွင်ဖြတ် သန်းသွား သည့်မော်တော် ယာဉ်စီးရေ၂၀၀၀  ကျော်နှင့် လူပေါင်း ၇၀၀၀ ကျော် အားစစ်ဆေးမေးမြန်းခဲ့သော်လည်း မည်သည့် သဲလွန်စမျှ မရရှိခဲ့ပေ။

လူပျောက်မှု တိုင်ကြား ထားကြ သူများက လည်း၎င်းတို့၏ပျောက် ဆုံးနေသူများသည် သေဆုံးသူ အသက် ၂၅ နှစ် ခန့်အရွယ်၊ အရပ် အမြင့် ၁.၅၈ မီတာ နှင့် ဆံပင် အရှည်ကောက် ပုံစံရှိ အမျိုး သမီးနှင့် အချက် အလက်များ ကိုက်ညီ မှုရှိကြောင်း မည်သူကမျှ ပြောကြားခြင်း မပြုကြပေ။

ထိုကြောင့် ရဲများက လူသတ်မှု အတွက် သဲလွန်စ ပေးနိုင်သူကို ဆုငွေယွမ် ၂၀၀၀၀ ချီးမြှင့် မည်ဟုကြေ ညာပြီး ပြည် သူ လူထု ၏အကူ အညီကို ရယူရန်ကြိုး ပမ်းကြသည်။

အလောင်း နံဘေး၌တွေ့ရှိရ သော ဖဲချပ် ၃ ချပ်က လူသတ်မှု နှင့် သက်ဆိုင်ကောင်းမှ သက် ဆိုင်မည် ဖြစ်ကြောင်း၊ လူသတ် သမားက အမှုရှုတ်ထွေးစေရန် ချထားခဲ့ခြင်းလည်းဖြစ်နိုင်ကြောင်း ရဲဘက် မှပြောရေး ဆိုခွင့် ရှိသူက ပြောကြား လိုက်သည် အင်တာနက် အသုံးပြုသူ အများ အပြား ကမူ ဖဲချပ် ၃ ချပ် သည် “ကေဂျေ၅” ဟုဖော်ပြခြင်းဖြစ်ပြီး “ငါ့ကို အမြန် ကယ်ပါ”ဟု အဓိပ္ပာယ် သက် ရောက်ကြောင်း ယူဆကြ သည်။

ရှေ့ဖြစ် ဟောသူ တစ်ဦး ကမူ ဖဲချပ်များ အားကြည့်ပြီး ထိုအမျိုး သမီးသည် ဆွေမျိုး နီးစပ် အမျိုး သား တစ်ဦး၏ သတ်ဖြတ်မှု ခံရခြင်း ဖြစ်နိုင်ကြောင်း၊ သူမနှင့် အငြင်း ပွားခဲ့သည့် ဒုတိယ အမျိုးသား လူသတ် သမား တစ်ဦးလည်း ရှိနေ နိုင်ကြောင်းပြောကြား လိုက်သည်။

အချို့သောသူများ ကဂျက်ဖဲ ချပ်အား ဂဏန်း ၁၁၊ ကင်းဖဲချပ် အား ဂဏန်း ၁၃ ဟုယူ ဆပြီး (၅+၁၁+၁၃=၂၉)ဖြစ် သဖြင့် လူသတ်သမားမှာ သူမ၏ လက်ကိုင်ဖုန်း မှ မှတ်သား ထားသည့် အမှတ်စဉ် ၂၉ မြောက် အမည် ပိုင်ရှင် ဖြစ်နိုင်ကြောင်း၊ အချို့ ကလည်း ဖဲချပ် များမှာ ကားနံ ပါတ်ကို ဖော်ပြခြင်း သို့မဟုတ် စကားဝှက် တစ်ခုခုကို ဖော်ပြခြင်း ဖြစ်နိုင်ကြောင်း ပြောကြား ကြသည်။

Myanmar Forward



Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here