Tuesday, April 9, 2013

အောင်ပန်းမြို့မှာ ဘာသာပေါင်းစုံနဲ့ ဆွေးနွေးပွဲ လုပ်ခဲ့တဲ့ လူမင်း

0 comments
ဧပြီ(၉)

 
လူမင်းက အောင်ပန်းမြို့ နှစ်တစ်ရာပြည့် ပွဲကို ဧပြီ ၁ ရက်နေ့က သွားရောက်ခဲ့ပြီး ၃ ရက်နေ့မှာ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ဇာတိမြေဖြစ်တဲ့ အောင်ပန်းမြို့ ဖျော်ဖြေပွဲ မှာ ပထမ ဆုံး ပါဝင် ဖျော်ဖြေဖြစ်ခဲ့တယ်လို့ ပြောပြတဲ့ လူမင်းက..
“IC Show  လည်းရှိတယ်။ ပရိသတ်တွေ ကလည်း ကိုယ့်ကို သီချင်းဆိုဖို့ တောင်းဆိုသလို  IC အဖွဲ့ကလည်း Request လုပ်တာနဲ့ သီချင်း ဆိုဖြစ်ခဲ့တယ်။ ၂ ပုဒ်ပါပဲ။ ကိုယ့် ဇာတိမြေမှာ ဒီလိုမျိုးက ပထမ ဆုံးဖျော်ဖြေဖူးတာ။ IC အဖွဲ့နဲ့လည်း ပထမဦးဆုံး ဆိုဖူးတာပဲ။ အောင်ပန်း မြို့ နှစ်တစ်ရာပြည့်ပွဲ ကို မြို့သူမြို့သား တွေ နဲ့အတူ သမိုင်း တစ်ခုကို လှလှပပ ရေးနိုင်ခဲ့တာပေါ့” လို့ပြောပြခဲ့ ပါတယ်။ ဧပြီ ၁ ရက်နေ့က ဧပရယ်ဖူး လုပ်ခံရတာကြောင့် စိတ်ပူပန်ခဲ့ ရသလို အောင်ပန်းမြို့မှာ ဘာ သာရေး ဆွေးနွေးပွဲလည်း လုပ်ဖြစ်ခဲ့ကြောင်း ပြောပြတာကြောင့်…
“ကိုယ်စသွားတဲ့ နေ့မှာပဲ ဖုန်း ထဲကို မက်ဆေ့ခ်ျဝင်လာတာ၊ ဦးဇင်ဝိုင်း သေပြီ ဆိုပြီးတော့လေ။ ဒီကိစ္စက ကိုယ့်ကို တော်တော်လေး စိတ် အနှောင့် အယှက် ဖြစ်စေ တယ်။ တအား စိတ်ပူနေခဲ့ရတာ။ အောင်ပန်းမြို့ မှာက အောင်အောင်မြင်မြင် ပြီးသွားတယ်။ မိတ္ထီလာ ကိုလည်း လိုက်မသွားနိုင်ဘူး ဖြစ်နေတာလေ။ ပထမက ကြို့ ပင်ကောက်၊ အုတ်ဖို ကိုသွားဖို့က အခြေအနေ အကြောင်း ကြောင်းကြောင့် မသွားဖြစ်ခဲ့ဘူး။  အဲဒီကြောင့် မိတ္ထီလာကို ဦးဇင်ဝိုင်း တို့ မသွားခင်ကတည်းက စိတ်ပူလို့ တဖွ ဖွ ပြောနေတာ။ အဲဒါနဲ့ အောင်ပန်း မြို့မှာပဲ အားနေတဲ့ အချိန်မှာ ဘာသာ ပေါင်းစုံ တွေ့ဆုံ ပွဲလေး ချက်ချင်း စီစဉ်ပြီး လုပ်ဖြစ်ခဲ့ တယ်။ ဧပြီ ၂ ရက်နေ့၊ နေ့ခင်း ၁ နာရီက လုပ်ခဲ့တာ။ ပဋိပက္ခတွေ အေးချမ်းစေဖို့ပေါ့။ ကိုယ်တို့မြေမှာ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ တစ်ခါမှ မလုပ်ဖူးဘူး။ မဖြစ်ခင် ကြိုတင်ကာ ကွယ်တဲ့ အနေနဲ့ပေါ့။ မသွားခင်က ရန်ကုန် က ငြိမ်းချမ်းရေး စင်တာမှာ အဲဒီလို ဆွေးနွေးပွဲ လုပ်ခဲ့တဲ့ အတွေ့ အကြုံလေးတွေ ပြန်ပြောပြခဲ့တယ်”လို့ ပြောပြခဲ့ပါတယ်။


Popularmyanmar
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here