ဧပြီ(၁၄)
{လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန်}
အဆိုပါကိစ္စနဲ့ပတ်သက်၍ တွေ့ဆုံရာမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးက ယခုလို လာရောက်တွေ့ဆုံရခြင်းကိစ္စအား လားဟူဘာသာစကားဖြင့် ရှင်းလင်းပြောကြားပြီး၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီးမှ "ယနေ့ နိုင်ငံတော် ပြုပြင်ပြောင်းလဲနေမှုအခြေအနေများအပေါ် မိမိတို့ တိုင်းရင်းသားများ အနေဖြင့် မသိလိုက် မသိဘာသာနေထိုင်ခြင်းမပြုရန်၊ ပွင့်လင်းမြင်သာသည့် ခေတ်တွင် ပွင့်လင်းမြင်သာမှုများကို သိရှိနားလည်ရန်၊ အရာရာ စည်းကမ်းတကျ ကျင့်ကြံနေထိုင်သွားကြရန်၊ မိမိတို့ လာရောက်နေစဉ်မှာ ဒေသအခက်အခဲများရှိက ပွင့်ပွင့်လင်းလင်း တင်ပြပေးကြပါရန်" လားဟူဘာသာ စကားဖြင့် ပြောကြားသွားကြောင်း သိရပါတယ်။
{အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး}
{ ရွာသူကြီး တစ်ဦးမှ တင်ပြ}
၎င်းတို့ရဲ့ တင်ပြချက်များကို လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပတ္တမြားနဂါး၊ သံလွင်မိုးကုမ္ပဏီမန်နေဂျာ နှင့် ပြည်ခိုင်ဖြိုးပါတီကော်မတီများက
- ၁။ လျှပ်စစ်မီးလိုအပ်နေသည့် ကျေးရွာ(၇)ရွာသို့ လျှပ်စစ်ဓါတ်အားလိုင်းကို တိုင်များ၊ မီးကြိုးများအတွက် ခန့်မှန်း ထိုင်းဘတ်သိန်း(၃၀)ကို အကုန်အကျခံ လှူဒါန်းပေးသွားရန်၊ လုပ်ငန်းကို ယခု (၄)လပိုင်းကုန်လျှင် စတင်လုပ်ဆောင်ရန်။
- ၂။ မီးလိုအပ်နေသည့် ကျေးရွာများအနေဖြင့် မိမိအိမ်တွင် အသုံးပြုမည့် မီတာဘောက်များ၊ ကျေးရွာထရန်စဖော်မာ၊ ကျေးရွာသုံး ၈-မစ် မီးတိုင်များကို သူကြီးနှင့်ရွာသားများ အစီအစဉ်ဖြင့် လုပ်ဆောင်သွားရန်။
- ၃။ သောက်သုံးရေရရှိရေး ကျေးရွာလမ်း ကောင်းမွန်ရေးများအတွက်ကိုလည်း ပတ္တမြားနဂါး၊ သံလွင်မိုး ကုမ္ပဏီတို့မှ ကူညီဆောင်ရွက်ရန်။
- ၄။ ဟာကျားကျေးရွာ သူကြီးတင်ပြသည့် သစ်ခေါက်ပင်တစ်ပင်လျှင်နစ်နာမှု (၁၀၀-ဘတ်)ကိစ္စအား ပါတီ မှ မြင့်ဦးအောင် ကုမ္ပဏီနှင့် ညှိနှိုင်းပေးရန်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးမှ "မိမိအနေဖြင့် ယခု တတ်နိုင်သမျှ ကူညီပေးသွားမှာဖြစ်သလို၊ နောက်နောင် ဒီလမ်းတွေ ဒီတောင်ပေါ်တွေမှာ လမ်းကောင်းမွန်ရေး၊ လျှပ်စစ်မီးထိန်လင်းစေရေးများကို မိမိအထူးဂရုပြုပြီး ဒီဒေသအတွက် လုပ်ဆောင်ပေးသွားပါ့မယ်"လို့ ပြောကြားသွားခဲ့ပါတယ်။
Tachileik Online News