ဧပြီ (၂၄)
သျှမ်းပြည်အလယ်ပိုင်းကျေးသီးမြို့နယ်၌
သျှမ်းပြည်နယ်နေ့က အဓမ္မကျင့်မှု ကျူးလွန်သော ခလရ ၁၃၁ မှ တပ်သားအား စစ်ခုံရုံးမှ စစ်ဆေးရန်
ကြန့်ကြာနေသည့် အပေါ် ဒေသခံများအားမလို အားမရ ဖြစ်နေကြောင်း မြို့ခံများကပြောသည်။
ဖေဖော်ဝါရီလ
၇ ရက်နေ့က ကျေးသီးမြို့နယ် မိုင်းနင်အုပ်စု နောင်ယုမ်းရွာသူ သားသည်မိခင်အား ခလရ ၁၃၁
တပ်သား မောင်ဦးက မုဒိန်းကျင့်မှုကျူးလွန်ခဲ့သည်မှာယနေ့တိုင် ၂ လကျော်ကြာ ဖြစ်သော်လည်း အာဏာပိုင် များက ၎င်းအား တရားစီရင်ခြင်းမရှိသေးသဖြင့်
တရားခံဘက်မှ ဆွေမျိုးများက အားမလိုအားမရဖြစ်နေကြောင်း ရွာသားများကပြောပါသည်။ “သူ့ကိုဖမ်းဆီးစစ်ဆေးပြီးတာတောင်မှ
ရဲအာဏာပိုင်တွေနဲ့ ကျန်းမာရေးဝန်ထမ်း တွေက တကယ်ကျူးလွန်ခြင်း ဟုတ်မဟုတ် သက်သေကို ရန်ကုန်ပို့စစ်ဆေးသေးတယ်။ နောက်ပိုင်းမှ သူက တကယ်ကျူးလွန်မိကြောင်းဝန်ခံတယ်”
ဟု အမျိုးသမီးနှင့် အမျိုးတော် စပ်သူ တဦးကပြောသည်။မိုင်းနင်အုပ်စု
နောင်ယုမ်း ရွာသည် ကျေးသီးမြို့နယ်၏တောင်ဘက် ၁ မိုင်အကွာတွင် တည်ရှိပါသည်။
ဖေဖော်ဝါရီ
၇ ရက်ညသန်းခေါင်အချိန်တွင် ကျေးသီးမြို့အခြေစိုက် ခလရ ၁၃၁ မှ တပ်သားမောင်ဦး (အသက် ၃၀
ခန့် ) က မိုင်းနင်အုပ်စု နောင်ယုမ်းရွာနေ အမည်မဖော်လိုသူ သျှမ်းအမျိုးသမီးတဦး (အသက်
၂၆ ) အိမ် အား တံခါးခေါက်အကူ အညီတောင်းရာမှ ဓါးဖြင့်ထောက်ကာ ပိုက်ဆံ ၇၀၀၀၀ ကျပ်တောင်းကြောင်း၊
ထိုစဉ် အိမ်ဦးအမျိုးသားမတွေ့သဖြင့် အဆိုပါ အမျိုးသမီးအား ဓါးဖြင့်ထောက် အဓမ္မမှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအမျိုးသမီးအိမ်မရောက်မှီ လမ်းစုံ၌ လျှပ်စစ်မီးကြိုးအား ဓါးဖြင့်ခုတ်ဖျက်ကာ အနီးအနားရှိ
အိမ်သုံး အိမ်ပေါ်တက်၍ လိုရာပစ္စည်းများ ခိုးယူခဲ့သေးသည်ဟု ဆိုသည်။
သျှမ်းသံတော်ဆင့်