ဧပြီ
(၂၄)
၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလအတွင်း လားရှိုးမြို့၌ ဖမ်းဆီးရမိခဲ့သော အက်ဖီဒရင်းများ (ဓါတ်ပုံ - မြ၀တီ) |
ရှမ်းပြည်နယ်အရှေ့ပိုင်း
တာချီလိတ်မြို့အနီး လွယ်တော်ခမ်းဂိတ်တွင် ၂၀၁၃ ခု ဧပြီလ ၂၂ ရက်နေ့ နေ့လည် ပိုင်းတွင်
တိုယိုတာအဖြူရောင်ယာဉ်တစ်စီးပေါ်မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
၂၀၁၃
ခု ဧပြီလ ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် နယ်မြေခံတပ်ရင်း ၊ တာချီလိတ်မူးယစ်အဖွဲ့၊ တာချီလိတ်မြို့နယ်
ရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ လွယ်တောခမ်းဂိတ်တွင် သတင်း အရစောင့် ဆိုင်းနေကြစဉ်
မိုင်းဆတ် မြို့မှ တာချီလိတ်မြို့ဘက်သို့ ယာဉ်မောင်း ဦးကျဟယ် မောင်းနှင် လာသော ၃ဂ
/၂၀၅၈ တိုယာတာ အဖြူရောင် ယာဉ်အား ရှာဖွေရာမှ မူးယစ်ဆေးဝါးများဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
တိုယိုတာယာဉ်အား
ရပ်တန့်ရှာဖွေရာတွင် ယာဉ်မောင်းထိုင်ခုံနောက်မှီအတွင်း ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသော
ကဖင်း (၂.၅) ကီလိုခန့်ပါ (၁)ထုပ် ၊ အက်ဖီဒရင်း (၅၀၀) ဂရမ်စီခန့်နှစ်ပုလင်း၊ ဖန်ပုလင်းဖြင့်
ထည့်ထားသော အနံ့ဆိုးဆေးရည် (၅၀၀) မီလီမီတာခန့် (၂) ပုလင်း၊ ထိုင်းဘတ်ငွေ (၆) သောင်းကျပ်နှင့်
CDMA ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေး ၀ါး
စုစုပေါင်း ကာလ တန်ဖိုးမှာ သိန်း (၃၀) ခန့်ရှိကြောင်း တာချီလိတ်ရဲစခန်းမှ သိရသည်။