ဧပြီ(၃၀)
CNF က ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၅-၂၆) ရက်နေ့ များ၌ ချင်းပြည် နယ်၊ တောင် ပိုင်း ကန်ပက်လက် မြို့ ပြည်သူ များနှင့် ဇလပ်ဝါ ခန်းမတွင် လူထု တွေ့  ဆုံဆွေးနွေး ပွဲပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါလူထုတွေ့ ဆုံပွဲတွင် ဒေသခံပြည်သူ စုစုပေါင်း (၃၀၀) ခန့်တက်ရောက်ကြောင်း၊ သဘာပတိ အဖြစ် ကန်ပက်လက်မြို့ ဒေသခံ ရပ်မိရပ်ဖမှ ဦးထန်းမနားနှင့် အခမ်းအနားမှူး အဖြစ် ဒေါ်နန်းချယ်ရီတို့ ကဆောင် ရွက
သဘာပတိအဖြစ်ဆောင်ရွက်သူ ဦး ထန်မနားက CNF နှင့်အဖွဲ့အား ကန်ပက်လက်မြို့  မှလှိုက်လှဲ စွာကြို ဆိုကြောင်း၊ ကန်ပက်လက်မြို့ သည် ချင်းပြည်နယ်တွင် အဆင်းရဲဆုံးနှင့် တိုးတက် မှုအနိမ့် ဆုံးမြို့ဖြစ် ကြောင
ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့  CNF ၏ လိုင်စင်ရုံး တာဝန်ခံ ပူးထန်ယဲန်းက မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ မတူပီမြို့ ၊ ရေဇွနှင့် ဆာမီးမြို့ နယ်ခွဲများတွင် ပြုလုပ်မည့် လူထု တွေ့ ဆုံပွဲ ကိုဦးဆောင်လျှက် ရှိသည်။
CNF အဖွဲ့ တွင် ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ပူးထန်လိန်းကီး၊ ပါတီ အတွင်းရေးမှူးချုပ် (၂) ပူးပေါလ်ဆီထာနှင့် အဖွဲ့ များ ပါဝင်ကြကြောင်း သိရသည်။
ချင်းပြည်နယ် တောင်ပိုင်းတွင် လူထုတွေ့ ဆုံပွဲ ပြုလုပ်သည့် CNF အဖွဲ့ သည် ကန်ပက်လက်မြို့  မှ မင်းတပ်မြို့ ၊ ထိုမှတဆင့် ၄င်းတို့ ၏လိုင်စင်ရုံးစိုက်ရာ မတူပီဘက်သို့  သွားရောက်ပြီး လူထုတွေ့  ဆုံပွဲများ ဆက်လက်လုပ်သွားမည်ဖြစ်သည်။
မတူပီမှတဆင့် ဆာမီးမြို့ နယ်ခွဲ၊ ပလက်ဝမြို့ နှင့် ရေဇွာမြို့ နယ်ခွဲများတွင် လူထုတွေ့ ဆုံပွဲ လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
khonumthung