Thursday, April 18, 2013

က၀မြို့ နယ်မှာ လေပြင်းတိုက်မှုကြောင့် ပျက်စီးဆုံးရှုံး

0 comments



၁၇-၄-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်မှ ၁၅၄၅ အချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကံအေးကျေးရွာတွင် နေအိမ်(၃၅)လုံးပြိုကျ၍နေအိမ် ၃၅ လုံးအမိုးလန်၊ တန်ဘိုးငွေကျပ်(၇၀၀၀၀၀၀ိ/-)ပျက်စီးဆုံးရှုံးခဲ့သည်။

အလားတူ ကံမြင့်ကျေးရွာတွင် နေအိမ်(၁၉၀)လုံးပြိုကျသဖြင့် တန်ဖိုးငွေကျပ် (၂၈၅၀၀၀၀၀ိ/-)ဆုံးရှုံးခဲ့ကြောင်းနှင့်မူလတန်းလွန်ဝါးကျောင်းလည်းပြိုကျခဲ့သည်။

 ထို့ပြင် သပြေကန် အသင်းကျေးရွာတွင်လည်း နေအိမ်(၄၀)လုံးပြိုကျသဖြင့် တန်ဖိုးငွေကျပ်(၆၅၀၀၀၀၀ိ/-)၊ ဆုံးရှုံးခဲ့ကာ အမကကျောင်းအမိုးလန်ပျက်စီးခဲ့ပြီး လူ/တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် ကံအေးကျေးရွာမှ အိမ်ထောင်စု(၇၅)စုနှင့် သပြေကန်အသင်းကျေးရွာမှ အိမ်ထောင်စု(၄၀)စုတို့အား နီးစပ်ရာဆွေမျိုး မိတ်ဆွေများထံပြောင်းရွေ့နေထိုင်စေလျက်ရှိပြီး ကံမြင့်ကျေးရွာမှ အိမ်ထောင်စု(၉၀)စုသည် နီးစပ်ရာဆွေမျိုးများထံတွင်လည်းကောင်း၊ အိမ်ထောင်စု(၁၀၀)မှာ ကံမြင့်ကျေးရွာ ဘုန်းကြီးကျောင်း တွင်လည်းကောင်း ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြကြောင်း သတင်းရရှိသည်။

ထို့ပြင် ထိုနေ့ ၁၆၄၅ အချိန်မှ ၁၆၅၀ အချိန်ထိ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ရွှေထီးကျေးရွာနေ ရေလုပ်ငန်းရှင် ဦးခိုင်မြင့်(၄၅)နှစ် ““စိန်ဇင်ယော်””ရေလုပ်ငန်းပိုင် ဆိုင်သော အလျား(၃၆)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၁၃)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ၀ါးခင်း(၄)ခန်းတွဲ အလုပ်သမားတန်းလျားမှာ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးအကာများပျက်စီးခဲ့သဖြင့် တန်ဖိုးငွေကျပ်(၁၀၀၀၀၀ိ/-)ပျက်စီးဆုံးရှုံးခဲ့သဖြင့် အဆိုပါအလုပ်သမားတန်းလျားတွင်နေထိုင်သူ အိမ်ထောင်စု ၃ စု၊ လူဦးရေ ကျား ၁၀ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၁၅ ဦးတို့အား ဦးခိုင်မြင့်၏နေအိမ်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူ/တိရိစ္ဆာန်ထိခိုက်မှု မရှိကြောင်း သတင်းရရှိသည်။

သစ်ထူးလွင်

ပြည်မြို့ မှာ လေပြင်တိုက်ခိုက်မှုကြောင့် ပျက်စီးပုံ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here