မြောက်ဥက္ကလာပမြို့နယ်၊(P)သုံးလုံးဖိနပ်စက်ရုံမှ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးသို့လာရောက်ဆေး ကုသမှုခံယူကြသည့်လူနာမျေားနှင့်အရေးပေါ်ကူညီကယ်ဆယ်မှုလုပ်ငန်းများတွင်လှူဒါန်းကူညီနိုင်ရန်အတွက် ဖိနပ်ဒါဇင်(၅၀၀)ကျော်အားဧပြီလ(၉)ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်းသိရသည်။
အလှူရှင်(P)သုံးလုံးဖိနပ်စက်ရုံမိသားစုနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/အသင်းသားများသည် သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်ဆေးကုသမှုခံယူကြသည့်လူနာများ၊ တိုကင်ယူရန်စောင့်ဆိုင်းနေကြသည့် လူနာများ၊ ရဟန်းသံဃာနှင့် သီလရှင်တွေများကိုယ်တိုင် ကိုယ်ကျလှူဒါန်းခဲ့ကြသည်။
ကျန်ရှိနေသည့် ဖိနပ်များကိုလည်းနာရေးကူညီမှုအသင်း(ရန်ကုန်)အနေနှင့် နယ်မြို့များတွင်ရှိသည့် ပရဟိဂေဟာများ၊ သဘာဝဘေး ကျရောက်သည့်ဒေသများတွင် လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသသည်။
SkyNet TV Browser