ဧပြီ(၂၂)
သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဟု
လူသိများသည့် RCSS/SSA ထိမ်းချုပ်နယ်မြေသို့ ဖြတ်ကျော် ရသည့် ထိုင်းဂိတ်တခုအား ထိုင်းအစိုးရက
ပြီးခဲ့သည့်ရက်ပိုင်းက ပိတ်ပင်လိုက်ကြောင်း ကြားသိရပါသည်။
“နိုင်ငံရေးပြဿနာကြောင့်မဟုတ်ပါဘူး။
ဒေသခံ အကြီးအကဲတွေ နားလည်မှု လွဲမှားလို့ဖြစ်တဲ့ အသေး အမွှား ကိစ္စပါ။ ဒါတွေကျနော်တို့ ဖြေရှင်းနေပါတယ်။
တခြားဒေသဆီကို ပြဿနာပြန့်ပွား သွားဖို့လဲ မရှိ နိုင်ပါဘူး” ဟု RCSS/SSA ပြောခွင့်ရ စိုင်းဆိုင်မိန်းက ပြောသည်။
“ကျနော်တို့
တပ်ဖွဲ့သုံးဖို့ ဘူဒိုဇာကား ဝယ်လာတယ်။ ထိုင်းအာဏာပိုင်က သူတို့ခွင့်ပြုချက် မရသေးဘဲနဲ့
သယ်ယူတယ်လို့ပြောတယ်။ ကျနော်တို့တပ်သုံးဖို့ပါ ။ အရင်တုန်းကလဲ ဒီအတိုင်း သယ်ယူနေတာဘဲ။ ဘာပြဿနာမှာမရှိခဲ့ဖူးပါဘူး” - ဟု စိုင်းဆိုင်မိန်းက
ဆက်ပြောသည်။
အမည်မဖေါ်လိုသည့်
ဒေသခံ သျှမ်းတပ်အရာရှိတစ်ဦးက - ထိုင်းအစိုးရ ယခုကဲ့သို့ ပိတ်ပင်ထားခြင်းသည် တပ်မဟာကြီးတစ်ခုလုံး၏
လည်ပတ်မှု မထိခိုက်နိုင်သော်လည်း ဒေသအတွင်းနေထိုင်သည့်လူထု၏ စားဝတ်နေ ရေးအတွက် ရေရှည်ထိခိုက်လာနိုင်ကြောင်း
ပြောသည်။
ယင်လပ်
ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့သည် သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်
အား မူးယစ်ဆေးဝါး လက်တွဲဖေါ်ဆောင်တိုက်ဖျက်မှု အကောင်းဆုံးဆု ‘ရွှေလင်းယုန်ဆု’ ဂုဏ်ပြုချီးမြင့်ဖူးသည်။
သျှမ်းသံတော်ဆင့်