ဧပြီ (၄)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့
အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်ရှိ ရွှေလီရိပ်သာတွင် ဧပြီလ (၃) ရက်နေ့ ညနေပိုင်းက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေး
လုပ်ငန်းကော်မတီမှ ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့
နှင့် SSPP/SSA အဖွဲ့မှ ဦးစ၀်ခွန်ဆိုင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့များ အလွတ်သဘောတွေ့ ဆုံဆွေးနွေးခဲ့ကြောင်း
သိရသည်။
၎င်းဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေး
လုပ်ငန်းကော်မတီ မှ ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး (အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)
၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် (စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)
၊ ဗိုလ်မှူးကြီး ၀င်းသိန်း (အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)၊ ဒုတိယဗိုလ်မှူးကြီး
သူရိန်ထွန်း (အရှေ့မြောက်တိုင်း စစ်ဌာနချုပ်) နှင့် အခြားဖိတ်ကြားထားသော ကိုယ်စားလှယ်များ
တက်ရောက်ခဲ့ပြီး ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA အဖွဲ့မှ ဦးစ၀်ခွန်ဆိုင် (အထွေထွေအတွင်းရေးမှူး)၊
ဦးစိုင်းနော် လိတ် (ဗဟိုကော်မတီဝင်) ၊ ဦးခေးမောဝ် (ပြောရေးဆိုခွင့် ရှိသူ)၊ ဦးစိုင်းအောင်လတ်
(လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ)တို့တက်ရောက်ခဲ့ကြပြီးခိုင်မာသောငြိမ်းချမ်းရေးကိုတည်ဆောက်နိုင် ရေး အတွက် အဓိက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
(အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန) ၀န်ကြီးမှ တိုက်ပွဲများ ဖြစ်ပွားနေမှု၊ ငြိမ်းချမ်းရေးအတွက်
ထိန်းသိမ်းရမည့်အချက်များ၊ အောက်ခြေ အဆင့် ထိကြပ်မတ်ရမည့် အချက်များနှင့် တစ်ဦးနှင့်
တစ်ဦးအထင်အမြင်လွဲပြီး တိုက်ပွဲများထပ်မံမဖြစ် ပွားစေရေး အချက်များကို ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)
ဝန်ကြီးမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ စီးပွားရေးနှင့် ပတ်သက်သည့် အကူအညီများ၊
လားရှိုးမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စများအကြောင်းတို့ကို
ဆွေးနွေးခဲ့ သည်။
ဦးစ၀်ခွန်ဆိုင် (SSPP/SSA အထွေထွေအတွင်းရေးမှူး)
မှ ငြိမ်းချမ်းရေးလိုလားမှု၊ ပူးပေါင်း ဆောင်ရွက် လိုမှု၊ SSPP/SSA အဖွဲ့၏ ရည်ရွယ်ချက်နှင့်
ဆက်လက်လုပ်ဆောင်လို သည့်အချက်များ၊ ယခုလက်ရှိ ရှမ်းပြည်နယ်အခြေအနေများ၊ တန့်ယန်းမြို့ရှိ
ဘုန်းကြီးကျောင်း များတွင် ရောက်ရှိနေသော စစ်ဘေး ရှောင် ရွာသူ/ရွာသားများအခြေအနေနှင့်
၎င်းတို့အဖွဲ့ အတွက် အခွန်ကင်းလွတ်ခွင့်ပေးထားသည့် ကား (၂၀) စီး ကိစ္စများ၊ ကျေးသီးရွာအနီး ရှိ
ကျောက်မီးသွေးတွင်းကိစ္စများနှင့် ဒေသရှိ သယံဇာတများကို တိုင်းရင်းသားများအကျိုး ခံစားခွင့်တို့နှင့်
ပတ်သက်သည့်အချက်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဦးစိုင်းနော်လိတ် (SSPP/SSA ဗဟိုကော်မတီဝင်)မှ
၎င်းတို့အဖွဲ့ပိုင် လွယ်လိန်း၊ လွယ်ပန်၊ လွယ်ခေး (မိုင်းနင်းကုမ္ပဏီများ) ရပ်တန့်ထားရမှု၊ ကျောက်မီးသွေးလုပ်ငန်း
လုပ်ကိုင်လိုမှုနှင့် အကျဉ်းကျနေသည့် ၎င်းတို့တပ်ဖွဲ့ဝင်များအခြေအနေတို့ကို ဆွေးနွေးသွားခဲ့သည်။
နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရာတွင်
(၂)နာရီခန့်အချိန်ကြာမြင့်ခဲ့ကြပြီး ငြိမ်းချမ်းရေး အတွက် အကျိုးအမြတ်အလားအလာကောင်းများ
ရရှိခဲ့ကြပြီး ထပ်မံတွေ့ ဆုံဆွေးနွေးကြမည့် အစီအစဉ် များလည်းရှိသေးကြောင်း ၎င်းဆွေးနွေးပွဲသို့
တက်ရောက်ခဲ့သူ တစ်ဦးထံမှ သိရပါသည်။







