ဧပြီ(၁၁)
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်
မိုင်းဟန်ကျေးရွာု၏ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ရေလှောင် ဆည် တွင် UWSA “၀” မတ်လ အစောပိုင်းကစပြီး ရေများပိတ်ထားသဖြင့် ဒေသခံ ရွာသား
များ ရေအခက်အခဲ ဖြစ်နေသည်ဟု သိရှိရသည်။
“အဲဒီဆည်က ရေကိုပဲ အားထားပြီး သုံးနေရတာ။ သောက်ရေသုံးရေအတွက်ပါ
အခုဒုက္ခသည် ရောက် နေတယ်။ “၀” အဖွဲ့က ရေတွေပိတ်ထားတာ ခုဆိုရင် တစ်လလောက်ရှိပြီး ကျွန်တော်တို့
ရွာသား တွေ အတွက် စိုက်ပျိုးရေးက အဓိကအလုပ်လေ၊ အခုလိုရေမရ ဘာမှ စိုက်လို့မရတော့ဘူး။
အဲဒီ ရေလှောင် ဆည်ကို ပြန်ဖွင့်ပေးစေချင်ပါတယ်။ ပြီးတော့ ရေသွယ်ဖို့ ရေပိုက်တွေလည်း
လိုနေတာပဲ။ လိုအပ်ချက် တွေကတော့ အများကြီးပဲ။ မိုင်းတုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်
လာတုန်းကတော့ တင်ပြထား ပါတယ်” ဟု မိုင်းဟန်ရွာသားတစ်ဦးမှ ပြောပြသည်။
မိုင်းဟန်ကျေးရွာအပါအ၀င် မိုင်းတုံမြို့နယ်၊ လုံပါကျင်မြို့နယ်ခွဲအတွင်း၌
ရှမ်း၊ ကရင်၊ လားဟူ၊ လီရှော တိုင်းရင်းသားမိသားစုများ နေထိုင်ကြသည်ဟု သိရသည်။
UWSA “၀”အဖွဲ့အနေဖြင့် ရေလှောင်ဆည် ကို ပိတ်ထားခြင်းကြောင့် ဒေသခံတိုင်းရင်းသားများ
ရေအခက်အခဲကြုံ တွေ့နေ သည်ကို ကြည့်ခြင်း အားဖြင့် UWSA “၀”အဖွဲ့သည် တိုင်းရင်းသားအချင်းချင်း
ရိုင်းပင်းစာနာ စိတ်မရှိ သည်ကို ဒေသခံများ က သံသယ၀င်နေကြသည်ဟု သိရှိရသည်။
UWSA “၀” အဖွဲ့သည် “၀”ပြည်နယ်ထူထောင်ရေးတောင်းဆိုထားသော
အဖွဲ့ဖြစ်ပြီး ယခုအချိန် ကတည်းက အခြားတိုင်းရင်းသားများနှင့် မပတ်သက်ဘဲ သီးခြားနေထိုင်လိုသော
အခြေအနေများ ဖန်တီးနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။