Thursday, April 11, 2013

RCSS/SSA အတွက် အုပ်ချုပ်ရေးမှူးမှ ဆက်ကြေးငွေများ ကောက်ခံပေးနေ

0 comments

ဧပြီ(၁၁)

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆက်မြို့ မိုင်းလုံကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ယမန်နေ့က အုပ်စု အုပ်ချုပ်ရေးနှင့် အတွင်းရေးမှူးတို့မှ ဆက်ကြေးငွေများ ကောက်ခံခဲ့ပါသည်။ “ရှမ်းပြည်တပ်မတော် အတွက်ဆိုပြီးတော့ တောင်းတာပါ။ တစ်အိမ်ကိုလစဉ်(၈၀၀၀)ကောက်ပါတယ်။ ဒီရွာထဲက ချိန်းဆောစက် တစ်လုံး ၀ယ်ယူတိုင်း ဘတ်ငွေငါးထောင် အခွန်ဆောင်ခိုင်းပါတယ်။ ဆက်ကြေးနဲ့အခွန်ငွေတွေ မပေးရင် ရှမ်းပြည် တပ်မတော်က လာသတ်လိမ့်မယ်လို့ ခြိမ်းခြောက်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရှမ်းပြည်တပ်မတော် က အဖွဲ့ဝင်တွေကတော့ ဒီရွာကို တစ်ခါမှမလာကြပါဘူး။ အုပ်ချုပ်ရေးမှူးနဲ့ အတွင်းရေးမှူးက တစ်လကို သုံးကြိမ် လာကောက်ပါတယ်” ဟု မိုင်းလုံးကျေးရွာမှ ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)သည် နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးထားသော အဖွဲ့ဖြစ်ပါသည်။ ယခုကဲ့သို့ အုပ်ချုပ်ရေးမှူးတစ်ယောက်က RCSS/SSA အတွက် ဆက်ကြေးကောက်ပေးနေသည်ဟူသော RCSS/SSA ၏ နာမည်သုံးနေခြင်းကို ဒေသခံပညာတက် အသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုနေကြပြီဖြစ်ပါသည်။
RCSS/SSA အနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီမှုများကို ဖျောက်ဖျက်နေပြီလားဆိုတာ လုပ်ရပ်က ထောက်ပြ စရာဖြစ်နေပါသည်။ အစိုးရအဖွဲ့မှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးက RCSS/SSA ၏ နာမည်ကို အလွဲ သုံးစားလုပ်ပြီး ဒေသခံရွုာသားများအပေါ် အနိုင်ကျင့် ငွေတောင်းမှုသည် ဥပဒေမဲ့ လုပ်ရပ်ဖြစ်ပါသည်။ ၄င်း ဥပဒေမဲ့လုပ်ရပ်အား ပွင့်လင်းမြင်သာသော ခေတ်တွင် ဒေသခံများကလည်း လက်မခံတော့သဖြင့် RCSS/SSA အနေဖြင့် ငြိမ်းချမ်းရေး သဘောတူညီမှုများကို လိုက်နာရန် မျှော်လင့်နေကြရသည်ဟု ဒေသခံများ ၏ ပြောဆိုမှု များအရ သိရှိရပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here