မိုင်းဆတ်မြို့
မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ဟွေပူကျေးရွာမှ ရွာသားများအား UWSA အဖွဲ့မှ မြေခုတ် ထွင်ရှင်း
လင်းမှုများအပေါ် တားမြစ်ခဲ့ကြောင်း သိရှိရသည်။
``
မနေ့က ကျွန်တော်တို့ကို UWSA အဖွဲ့က ထပ်ပြီးခေါ်ပြောတယ်။ ကျွန်တော်တို့တောင်ယာတွေ အနီးက
ချောင်းရေ ခမ်းမှာစိုးတဲ့အတွက် တောင်ယာမလုပ်ဖို့ ပြောတယ်။ ထိုင်း - မြန်မာဘိန်းအစားထိုး ဖွံ့ဖြိုးရေး စီမံကိန်းက
ဒီချောင်းကို ဆည် ခံပြီးတော့ မိုင်းကန်ဒေသသောက်သုံးရေ ဖူလုံအောင် ပေးနေ ရတာလို့ အကြောင်းပြပြီး
ပြောတယ်။ လွန်ခဲ့တဲ့(၄)နှစ် လောက်က ရွာနားမှာပဲ တောင်ယာ လုပ်စားကြ ပါတယ်။ အဲဒီတုန်းက
UWSA အဖွဲ့ရဲ့ နွားခြံထဲက နွားတွေဟာ တောင်ယာတွေထဲကို ၀င်စားတယ်။ လျော်ကြေးမရတဲ့အပြင်
မကြာခဏပြဿနာတက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက် ကစပြီးတော့ ဒီဘော်ဘူးချောင်းအနီးတစ်ဝိုက်ကိုပြောင်းပြီး
လုပ်ကြတာပါ။ ဒီနေရာမှာ ကျွန်တော်တို့ကို စပါးမစိုက်စေချင်ရင် ရွာနားက UWSA အဖွဲ့ရဲ့
နွားခြံတွေ နေရာပြောင်းပေးပေါ့။ အဲဒီလိုဆိုရင်တော့ ကျွန်တော်တို့ ရွာနားမှာပဲ ပြန်လုပ်
ကြမယ်´´ဟု ဟွေပူကျေးရွာအုပ်ချုပ်ရေးရုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး မှ ပြောခဲ့သည်။
ဟွေပူရွာသားအများစုမှာ
ရှမ်းလူမျိုးများနှင့် အခါလူမျိုးများဖြစ်ပြီး UWSA အဖွဲ့၏ အနိုင်ကျင့်မှု များကြောင့်
နောင်အနာဂတ်အရေးအတွက် စိုးရိမ်လျှက်ရှိကြောင်း သိရှိရသည်။