မေလ ၁၄ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်မြို့တွင် ယခင် လက်ဖက် စိုက်ခင်းများသာ စိုက်ပျိုးလာရာမှ ယခုတွင် လက်ဖက်စိုက်ခင်းများ အစား ဘိန်း စိုက်ခင်း များများ တိုး ချဲ့ကာ စိုက်ပျိုးလာကြောင်း နမ့် ခမ်မြို့မှာ ဒေသခံပြည်သူတစ်ဦး ဖြစ်သူ မိုင်းအိုက်မွန်းကပြောသည်။
““အခု ကျွန်တော်တို့ဒေသ မှာ လက်ဖက်က အရင်ကလို ဈေးမကောင်းတဲ့အတွက်ကြောင့် ဒေသခံတွေဟာ စီးပွားရေးအဆင် မပြေမှုတွေ ဖြစ်လာတယ်။ ဒါ ကြောင့် ဒေသခံအများစုဟာ ငွေ လွယ်လွယ်ရတဲ့ ဒီစိုက်ပျိုးမှုကို စိုက်ပျိုးလာကြတာ ပေါ့။ နောက် တစ်ခုက အခုဆိုရင် ခြံထဲရှိတဲ့ လွတ်နေတယ့်မြေနေရာတိုင်းမှာ ဘိန်းစိုက်ပျိုးလာသည်အထိ ဖြစ် လာတယ်။ အခုဆိုရင် နမ့်ခမ်မြို့ ပတ်ပတ်လည်ရှိ ရွာများလည်း စိုက်ပျိုးလာကြပြီ””ဟု ဆိုသည်။
နမ့်ခမ်မြို့၏ လူမှုအဖွဲ့ အစည်းဖြစ်သည့် (Talang Students and Youth Union)တာဝန် ရှိသူတစ်ဦးက ပြောကြားရာတွင် ““ကျွန်တော်တို့မြို့မှာ အခု ဘာ ဖြစ်နေလဲဆိုတော့ အိမ်တော် တော်များများမှာ ဘိန်းစိုက်လာ တယ်။ ဒီဘိန်းစိုက်တဲ့အကျိုးဆက် က လူငယ်(၁၀)ဦးမှ (၇)ဦးမှာ ဘိန်းစွဲနေတယ်””ဟု ပြောကြားခဲ့ သည်။ဘိန်းစိုက်ပျိုးမှု များသော နေရာအချို့၏ ဓလေ့ထုံးစံအရ ဘိန်းအား စီးပွားဖြစ်စိုက်ပျိုးသကဲ့ သို့ ရိုးရာဓလေ့နှင့် ကျန်းမာရေး အတွက်ပါ ဘိန်းအားအသုံးပြု ကြကြောင်း သိရှိရသည်။
မိုင်းအိုက်မွန်းက ဆက်လက် ပြောကြားရာတွင်““အဓိက အများ ဆုံးစိုက်ပျိုးတဲ့နေရာတွေ ကတော့ နမ့်ခမ်မြို့ပန်းသေးရွာ အဲဒီမှာက တစ်ရွာလုံးကိုဘိန်းစိုက်တယ်။ နောက်တစ်ခုကနမ်းဘိတ်ရွာ၊အဲဒီ ရွာမှာကြတော့ တောတွေတောင် တွေအထဲမှာစိုက်ကြတယ်။အရင် တုန်းက လားရှိုးမြို့မှာ ဘိန်းစိုက်မှု တွေမရှိဘူး။ အခုလားရှိုးနဲ့ ကွတ် ခိုင် မှာပါ ဘိန်းများစိုက်လာကြ ကြောင်း””ပြောကြားခဲ့သည်။
The HotNews