မေလ ၂၂ ရက်
၂၀၀၇ ခုနှစ်မှ စတင်ပြီး မြန်မာ နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု ပြန်လည် မြင့်တက်လာပြီး လက်ရှိအချိန်တွင် ဘိန်းစိုက်တောင်သူ အိမ်ထောင်စုပေါင်း သုံးသိန်း ခန့်ရှိကြောင်း သိရသည်။
မေလ ၉ ရက်နေ့ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ခြောက်နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေး၊ သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက “ဘိန်းစိုက်ပျိုးထုတ်လုပ်မှု
ဟာ ၁၉၉၉ ခုနှစ်မှာ ဟက်တာပေါင်း ၁၀၈,၀၀၀ စိုက်ပျိုးခဲ့ရာမှ ၂၀၀၆ခုနှစ် ၂၁,၀၀၀ ဟက်တာထိ ၈၀ ရာခိုင်နှုန်း လျော့ချနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ သို့သော်လည်း ၂၀၀၇ ခုနှစ်မှစတင်ပြီး ပြောင်းလဲလာတဲ့ ဘိန်းစိုက်ပျိုးရခြင်းရဲ့ အခြေခံအကြောင်းတရားများကြောင့် ဘိန်း စိုက်ပျိုးမှုဟာ ပြန်လည်မြင့်တက် လာခဲ့ပါ တယ်”ဟု ပြောသည်။
ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များရှိကြောင်း၊ အရေးကြီးဆုံးအချက်မှာ ဘိန်းစိုက်တောင်သူများ၏ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဘိန်းစိုက်တဲ့တောင်သူတွေ ဘာ ကြောင့် ဘိန်းစိုက်ရသလဲ၊ ဘာအချက်ကို သူတို့လိုအပ်သလဲ၊ ဘိန်းစိုက်တဲ့ တောင်သူတွေ ဘိန်းမစိုက်ဘဲနဲ့ တခြားဝင်ငွေရတဲ့ လုပ်ငန်းတွေလုပ်နိုင်မှသာ ဘိန်းစိုက်ပျိုးမှု ဟာ လျော့နည်း ပပျောက် သွားမှာကိုတွေ့ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဘိန်းစိုက်
တဲ့ တောင်သူဦးရေဟာ UNODC ရဲ့ စစ်တမ်းကောက်ချက်အရ အိမ်ထောင်စုပေါင်း သုံးသိန်းခန့်ရှိနေပါတယ်။ ဒီဘိန်းစိုက် တောင်သူတွေဟာ ဘိန်းမစိုက်ပျိုးလို့ရှိရင် ၎င်းင်းတို့ရဲ့ စားဝတ်နေရေးဟာ အခက်အခဲ ပြဿနာဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ၎င်းတို့ရဲ့ စားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းပေးမှ ဘိန်းစိုက်ပျိုးမှုဟာ လျော့နည်း ပပျောက်မယ်ဆိုတာ အထင်အရှား တွေ့ရပါလိမ့်မယ်။ ဒါကြောင့်ဘိန်းစိုက် တောင်သူတွေရဲ့ စားဝတ်နေရေး၊ ဆင်းရဲ မွဲတေမှုလျှော့ချရေးကို ဦးစားပေးဆောင် ရွက်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားသည်။
ယင်းအပြင် အလªရှင်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့်လည်း ပေါင်းစပ်ပြီး ဘိန်း စိုက်တောင်သူများကို ဘိန်းစိုက် သကဲ့သို့ ၀င်ငွေကောင်းသော လုပ်ငန်းများ ရရှိအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ ဘိန်းစိုက်ပျိုး မှုလျော့ကျပြီး ဘိန်းထုတ် လုပ်မှုလည်း လျော့နည်းကျဆင်းသွားမည် ဖြစ်
ကြောင်း ၎င်းကပြောသည်။
“ဘိန်းစိုက်ပျိုးမှု ပပျောက်အောင်လုပ် တဲ့နေရာမှာ အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်း တွေ ဆောင်ရွက်ပေးဖို့ အရေးကြီးပါတယ်။ မိမိတို့နိုင်ငံနဲ့ UNODC နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေရှိသလို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့လည်း ပူးပေါင်းပြီး ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတာကြောင့် ဘိန်းအစား ထိုးဖွံ့ဖြိုးရေး လုပ်ငန်းတွေ အစားထိုး လုပ် ကိုင်နိုင်လေလေ ဘိန်းစိုက်ပျိုးမှုပပျောက် သွားမှာဖြစ်ပါတယ်”ဟု ဒုတိယဗိုလ်ချုပ် ကြီးကိုကိုက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၉၉ ခုနှစ်မှ၂၀၁၄ ခုနှစ်ထိ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ပထမငါးနှစ်၊ ဒုတိယငါးနှစ်၊ တတိယငါးနှစ်စီမံကိန်းဟု အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်လျက်ရှိရာ ယခု
တတိယငါးနှစ်စီမံကိန်းမှာ စီမံကိန်းကာလနှစ်နှစ်သာကျန်ရှိတော့သော်လည်း ဘိန်း စိုက်ပျိုးမှုများ ပြန်လည်လျှော့ချရေးနှင့် အသစ်ပေါ်ထွက်လာသည့် စိတ်ကြဆေးပြားနှင့် အခြားစိတ် ပြောင်းဆေးဝါးသစ်များ အန္တရာယ်အား လျှော့ချရေးနှင့် မူးယစ်ဆေးဝါးလျော့ နည်းပပျောက်ရေးလုပ်ငန်း များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အတွက် စီမံကိန်းကာလကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ နောက်ထပ် ငါးနှစ်တိုးချဲ့ဆောင် ရွက်သွားရန် အစီအစဉ် များရေးဆွဲ လျက်ရှိကြောင်း သိရသည်။
The Farmer Media