ဇွန်လ ၂၈ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် အနောက်သစ်ထုတ်ရေး ဒေသရှိ
သစ်ထုတ်ရေးဌာနပိုင် ဆင်တစ် ကောင်းအား ယခုလ ၂၁ ရက်နေ့ မနက် ၈
နာရီအချိန်ခန့်က သေနတ်ဖြင့်ပစ်သတ်၍ အစွယ်ဖြတ်တောက်ခိုးယူခံ ခဲ့ရကြောင်း ရဲဌာနပိုင် မှတ်တမ်းများက ဖေော်ပြထားသည်။
အဆိုပါ မှတ်တမ်းများတွင် မော်လိုက်အနောက်ဘက်သစ်ထုတ်ရေးေးသမှ
လက်ထောက်ဆင်ခေါင်း ဦးမောင်ဆန်းသည် သစ်ထုတ်ရေးဌာနပိုင် ဆင်အမှတ် (၅၆၀)
ဆင်အမည် ဇော်ဇော်(အထီး) အသက် ၃၁နှစ် ၅ လ ခန့်၊ ကာလတန်ဘိုး ငွေကျပ် သိန်း ၇၀
တန် ဆင်ကြီးတစ်ကောင်အား ယခုလ ၁၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ဆင်စခန်းမှ
ထူးခတ်၍ တောတွင်းသို့ လွတ်ကျောင်းထားခဲ့ရာ ယခုလ ၂၁ ရက်နေ့ မနက် ၈
နာရီခွဲအချိန်တွင် ၎င်းဆင်၏ ဆင်ဦးစီး ဦးဖိုထောင်ဆိုသူမှ လိုက်လံရှာဖွေစဉ်
မော်လိုက်သစ်တောကြိုးဝိုင်း အကွက်အမှတ် (၁၄၆) ဆိုင်ခန်းစခန်းမှ
နှစ်မိုင်အကွာ တောတွင်းတစ်နေရာတွင် လွတ်ကျောင်းဆင်၏ ၀ဲဘက်နားထင်၌
သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးနေခဲ့ကြောင်း၊ ၎င်းဆင်၏အစွယ်နှစ်ချောင်းမှာ
ဖြတ်တောက် ခိုးယူခံရသည့်အတွက် အစွယ်များမရှိတော့ကြောင်း ဆက်လက်၍
ဖော်ပြထားသည်။
“ တိရစ္ဆာန်လောကမှာ
လူကနေပါးစပ်ကပြောပြီးခိုင်းလို့ရတာဟာ ဆင်ပဲရှိတယ်..။ ခွန်အားကြီးသလောက်
စိတ်ကောင်းရှိတတာ ဆင်တွေဘဲဖြစ်ပါတယ်..” ဟု သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သစ် တောရေးရာ တိုင်းဒေသကြီးဌာနမှ
အကြီးတန်းအရာရှိတစ်ဦးမှ ပြောပြသည်။
အဆိုပါ သစ်ထုတ်ရေးဌာနပိုင်
ဆင်ကိုသတ်၍ အစွယ်ဖြတ်တောက်ခိုးယူခံရခြင်းနှင့်ပတ်သက်၍ ယခုလ ၂၃ ရက်နေ့
မွန်းလွဲ ၂ နာရီအချိန်ခန့်က မော်လိုက်အနောက်ဘက်သစ်ထုတ်ရေး ဒေသမှ
သစ်တောအုပ်ကြီး ဦးအောင်တင်၏ တိုင်တန်းချက်များအရ တမူးမြို့နယ်ခွဲ
ရဲစခန်းမှ (ပ) ၁၂/ ၂၀၁၃ ပြည်သူပိုင်ပစ္စည်းကာ ကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)အရ
အမှုရေးဖွင့်၍ ရဲစခန်းက ဆက်လက်ဆောင်ရွက်ရှိကြောင်း သိရသည်။
ကိုတိုး ချင်းတွင်း
theburmapost
Friday, June 28, 2013
Subscribe to:
Post Comments (Atom)