Friday, June 28, 2013

မြန်မာနိုင်ငံမှ ဖေ့ဘုတ်စ်သုံးသူအားလုံး၏ ထက်ဝက်မှာ အမည်တုဖြင့် သုံးစွဲဟု ဦးရဲထွဋ်ပြော

0 comments
ဇွန်လ ၂၈ ရက်


မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ဘာသာရေးနှင့်လူမျိုးရေး ပဋိပက္ခများတွင် အစိုးရနှင့် စစ်တပ် ပူးပေါင်းပါဝင်ပတ်သက်နေသည်ဆိုသော ပြောဆိုချက်များကို ငြင်းဆိုလိုက်ပြီး မြန်မာနိုင်င့မှ လူမှုကွန်ရက် ဖေ့ဘုတ်စ်သုံးသူ ၈ သိန်း ကျော်အနက် ၄ သိန်းမှာ အမည်တုများဖြင့် အသုံးပြုနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးရဲထွဋ်က ပြောဆိုလိုက်သည်။

ယနေ့ ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် Hate Speech ပတ်သက်သည့် ဆွေးနွေးပွဲတွင် ဦးရဲထွဋ်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ပြည်သူတွေက လူမှုကွန်ရက်တွေပေါ်မှာရှိနေတော့ သာမန် ပြစ်မှုလေးတွေက ဘာသာရေး အဓိကရုဏ်းတွေဖြစ်လာတယ်" ဟု ဦးရဲထွဋ်က ဆိုသည်။

ဖေ့ဘုတ်စ် လူမှုကွန်ရက်သည် မြန်မာပြည်သူများအတွက် သတင်းများ သိရှိနိုင်ရာ ပထမဦးဆုံးသော သတင်းရင်းမြစ်ဖြစ်လာကြောင်း၊ တဦးနှင့်တဦး မလိုမုန်းတီးမှုများကို ဖြန့်ဖြူးနိုင်မှုကြောင့် မုန်းတီးရေးစကားများသည် လူမှုကွန်ရက်ပေါ်သို့ ဦးတည်ရွေ့လျားနေကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here