Friday, June 28, 2013

ရန်ကုန်မြို့သို့ဆိုက်ကပ်မည့် ကားတင်သင်္ဘောပေါ်တွင်ကားခြောက်စီး မီးလောင်မှု ဖြစ်ပွားခဲ့

0 comments
ဇွန်လ ၂၈ ရက်


ရန်ကုန်မြို့သို့ဆိုက်ကပ်မည့်GoldenFanV6ကားတင်သင်္ဘောပေါ်တွင်ကားခြောက်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
SealsCo.,Ltdပိုင်ဖြစ်သောGoldenFanV6ကားတင်သင်္ဘောသည်ယိုကိုဟားမားဆိပ်ကမ်း၌ကားများတင်နေစဉ် အတွင်းသင်္ဘောပေါ်တွင်တင်ထားသောကားတစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ရာအဆိုပါကားအနီးတွင်ရှိသော ကားငါးစီးမှာလည်းမီးကူးစက် လောင်ကျွမ်းခဲ့ပြီးပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

GoldenFanV6သင်္ဘောသည်ရန်ကုန်မြို့သို့လာမည့်တစ်ပတ်အတွင်းဆိုက်ရောက်မည် ဖြစ်သော်လည်းအခြေအနေအကြောင်းကြောင်း ကြောင့်သတ်မှတ်ရက်ထက်နှစ်ရက်ကျော်ပြီးမှဆိုက်ရောက်နိုင်မည် ဖြစ်သည်။

GoldenFanV6ကားတင်သင်္ဘောပေါ်တွင်မြန်မာနိုင်ငံမှမှာယူထားသောကားများမီးလောင်ပျက်စီးခဲ့ခြင်းနှင့်ပတ်သက်၍ကားတင်သွင်းသူတစ်ဦးက “Golden Fan သင်္ဘောပေါ်မှာကားတွေမီးလောင်သွားတယ်လို့ ကြားရပါ တယ်၊ ဒီသင်္ဘောကယိုကိုဟားမားဆိပ်ကမ်းမှာကားတွေတင်ရင်းTruckတစ်စီးကနေမီးစတင် လောင်ကျွမ်းပြီးကားခြောက်စီးပျက်စီးသွားတယ်လို့သိရပါတယ်၊ကားတွေပျက်စီးသွားခဲ့ပေမဲ့သင်္ဘောကတော့ဘာမှမဖြစ်ပါဘူး၊GoldenFanသင်္ဘောကနေသယ်ဆောင်လာတဲ့ကားတွေဟာ မြန်မာနိုင်ငံကမှာယူထားတဲ့ကားတွေဖြစ်ပြီးပျက်စီးသွားတဲ့ကားတွေကိုIsurance ထားခဲ့ရင်တော့မှာယူထားတဲ့ကားတန်ဖိုးအတိုင်း လျော်ကြေးပြန်ရမှာ ဖြစ်ပါတယ်၊Isuranceထားတဲ့ နေရာမှာသင်္ဘောနစ်တာနဲ့မီးလောင်တဲ့အခြေအ နေမှာပဲ လျော်ကြေးပြန်ရမှာ ဖြစ်ပါတယ်၊သင်္ဘောပေါ်မှာလှိုင်းလူးပြီးကားတွေအချင်းချင်းတိုက်မိရင်တော့သင်္ဘောလိုင်းနဲ့ရှင်းရမှာ ဖြစ်ပါတယ်”ဟုဆိုခဲ့သည်။
V6သင်္ဘောသည်ကားများမီးလောင်မှုကြောင့်မဟုတ်ဘဲသင်္ဘောထွက်ရက် နောက်ကျခဲ့သောကြောင့်ရန်ကုန်ဆိပ်ကမ်းသို့နှစ်ရက် နောက်ကျမှ ရောက်ရှိမည်ဖြစ်ပြီးအခြားအန္တရာယ်တစ်စုံတစ်ရာမရှိကြောင်းသိရှိရသည်။

Automobile Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here