Tuesday, June 25, 2013

ပြည်လုံးကျွတ်အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို လိုလားလို့ RCSS/SSAပြော

0 comments

ဇွန်လ ၂၅ ရက်
 

မြန်မာနိုင်ငံကို လည်ပတ်ခဲ့တဲ့ RCSS/SSA တောင်ပိုင်း ဥက္ကဌ ဦးယွက်စစ်(ယာ) နှင့် ဝန်ကြီးဦးအောင်မင်းတို့ကို တွေ့ရစဉ် 
 

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းချက်ကို ရှမ်းပြည်ပြန်လည်တည်ထောင်ရေး ကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ အဖွဲ့က လိုလိုလားလားရှိ နေတယ်လို့ SSA လွိုင်တန်းလျှန်း ဌာနချူပ်ကို ပြန်ရောက်လာတဲ့ ဗိုလ်မှူး စိုင်းလောင်ဆိုင်း ကပြောပြတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ၁၅ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး တနင်္ဂနွှေနေ့က ဌါနချုပ်ကို ပြန်ရောက်ခဲ့ပါတယ်။

သမ္မတကြီး ဦးသိန်းစိန်နဲ့ ဆွေးနွှေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးနဲ့ အစိုးရနဲ့ တပ်မတော်အပါ အဝင် UN ရှေ့၊ နိုင်ငံတကာ သံတမန်ရှေ့မှာ လက်မှတ်ရေးထိုး ကြမယ်ဆို တဲ့အကြောင်း - ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ကိုဦးဆောင်တဲ့ ဦးအောင်မင်းကလဲ ဒီနောက်မှာ နိုင်ငံရေးဆွေးနွှေးပွဲတွေ စတင်မယ်လို့ ပြောခဲ့တယ်လို့ ဗိုလ်မှူးဆိုင်းလောင်ဆိုင်းက ပြောပါတယ်။

အခု နိုင်ငံတော်က ဆောင်ရွက်လိုတဲ့ ကိစ္စကတော့ ပြည်လုံးကျွတ် အပြစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါ ဆောင်ရွက်နိုင်ရင်တော့ ကျနော်တို့အတွက် အလားအလာကောင်းပါတယ်လို့ ကျနော်တို့လည်း မြင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီပြည်လုံးကျွတ် အပြစ်အခတ် ရပ်စဲရေး ကိစ္စမှာဆိုရင် ဒီ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေအားလုံး အခုလက်ရှိနိုင်ငံတော် အစိုးရနဲ့ တပ်မတော် အပါအ၀င် UN ရဲ့ရှေ့မှာ နိုင်ငံတကာ သံတမန်တွေရဲ့ရှေ့မှာ သက်သေထားပြီးတော့ ကျနော်တို့ လက်မှတ်ရေးထိုး ကြမယ်ဆိုပြီးတော့ သမ္မတကြီး ဦးသိန်းစိန် အပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွေကလည်း ဒီလိုပြောကြပါတယ်။

အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့နဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး လာမည့် ဇူလိုင်- သြဂုတ်လ အတွင်းမှာ လက်မှတ်ထိုးနိုင်အောင် စီစဉ်မယ်လို့ ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ ပြောဆိုလိုက်တယ်လို့ လည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ဆက်ပြောပါတယ်။

RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်စစ် ဦးဆောင်ပြီး မြန်မာနိုင်ငံတွင်းသွားရောက်ခဲ့တဲ့ ဒီခရီးစဉ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ဒေသခံ ရှမ်းပြည်သူလူထုတွေနဲ့ လည်း တွေ့ဆုံဆွေးနွေးခွင့် ရခဲ့တယ်လို့ ဆက်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဖယ်ဒရယ်ဆိုတာ ခွဲထွက်ခြင်းမဟုတ်ပါဘူး၊ ပြည်တောင်စုကို တည်မြဲခိုင်ခံ့အောင် ပံ့ပိုးပေးတဲ့ စနစ်ပဲ ဖြစ်ပါတယ် ဆိုတာ ပြောတယ် ဖယ်ဒရယ် မဖြစ်ဖြစ်အောင် သူမ တသက်တာမှာ အစွမ်းကုန် ကြိုးပမ်းပြီးတော့ ဆောင်ရွက်သွားမယ်လို့တော့လည်း ပြောပါတယ်။ ဆိုတော့ ဒီ တိုင်းရင်းသားတွေ ဖက်မှာလည်း ဖယ်ဒရယ်ကို လိုလားနေကြတာပဲ အဲ့ဒီ ဖယ်ဒရယ် နိုင်ငံတော်ကြီး ပြန်လည်တည်ဆောက်နိုင်ဖို့ အရေးမှာ ဒီတစ်ထိုင်တည်းနဲ့ပဲ ကျနော်တို့ ဆွေးနွေးလို့ မရဘူးဆိုတာ ကျနော်တို့ နားလည်တယ်။

ရှမ်းပြည်ပြန်လည်တည်ထောင်ရေး ကောင်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့အနေနဲ့ ဒီကိစ္စတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် လာမည့်ဇူလိုင်လအတွင်း ရှမ်းပြည်နယ်ထဲမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူထုအခြေပြု လူမှု့အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ တွေ့ဆုံပြီး တစ်စုတစ်စည်းတည်း လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးကြမှာဖြစ်တယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။


radioaustralia

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here