ဇူလိုင်လ(၃၁)ရက်
တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့တွင် ရေထွက်ကုန် ပစ္စည်းများကို Normal Trade စနစ်ဖြင့် ပြည်တွင်း ဈေးကွက်နှင့် ပြည်ပ ဈေးကွက်များသို့ တင်ပို့ ရောင်းချလျက် ရှိရာ ဇူလိုင်လ အတွင်း ရေငန်ပုစွန် ၅၉၀၇၆ ကီလိုဂရမ် တင်ပို့နိုင် ခဲ့ကာ အမေရိကန် ဒေါ်လာ ၃၂၅၇၈၃ ဒသမ ၄၅ ရရှိသည်။ ပြည်ပ ဈေးကွက် မလေးရှား နိုင်ငံသို့ ရေငန်ပုစွန် ၁၁၉၅၉၇ ဒသမ ၆၀ ကီလိုဂရမ် နှင့် ထိုင်းနိုင်ငံ သို့ ရေငန်ပုစွန် ၇၉၆၀၀ ကီလိုဂရမ် တင်ပို့ ရောင်းချခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့ အထိ တန်ဖိုးငွေ အမေရိကန် ဒေါ်လာ ၁၁၈၇၉၇၉ ဒသမ ၇၄ ကို ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယခုလ အတွင်း မြိတ်ဒေသထွက် ရေထွက်ကုန် ပစ္စည်းများကို ပြည်တွင်း ဈေးကွက် ရန်ကုန်မြို့ နှင့် ပြည်ပ ဈေးကွက် မလေးရှား နှင့် ထိုင်းနိုင်ငံ သို့ စုစုပေါင်း ကုန်ချိန် ၆၃၇၇၁၂၇ ဒသမ ၀၈ ကီလိုဂရမ် တင်သွင်းနိုင် ခဲ့သည့်အတွက် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၇၆၄၀၉၇၅ ဒသမ ၀၈ ရရှိခဲ့ကြောင်း နှင့် မြိတ်မြို့သည် နိုင်ငံခြားငွေကြေး အမြောက်အမြား ရှာဖွေ ပေးနိုင်သော မြို့တစ်မြို့ ဖြစ်ကြောင်း သိရှိရသည်။
MWD