၁၅.၇.၂၀၁၃
ရန်ကုန် ဆီလက်ကား ဈေးကွက်တွင် ဈေးကွက်ဝေစု အများစု ရရှိထားသည့်
စားအုန်းဆီ ဈေးသည် ဇူလိုင် ဒုတိယပတ်တွင် ပြန်အေးနေသော်လည်း ပိတ်ရက်များ
ဆက်တိုက်ရှိသည့် ဇူလိုင်လ တတိယပတ် တွင် ပြန် မြင့်တက်နိုင်ကြောင်း
ဘုရင့်နောင် စိန်ပန်းလမ်းမှ ဆီရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက
ပြောကြားသည်။
ဇူလိုင်လ ဒုတိယ
သီတင်းပတ် ဈေးကွက်ဖွင့်ချိန်တွင် စားအုန်းဆီ တစ်ပိဿာ ၁၅၅၅ ကျပ်သာ ရှိခဲ့ရာ
သောကြာနေ့နှင့် စနေနေ့ ဈေးကွက်ပိတ်မည့် အချိန် တွင် ၁၅၅၀ ကျပ်ကို
ပြန်ဆင်းခဲ့ကြောင်း၊ လာမည့် သီတင်းပတ်တွင် ဝါဆို လပြည့်နှင့်
အာဇာနည်နေ့ကဲ့သို့ ပိတ်ရက်များ ရှိနေသည်ကို အကြောင်းပြု၍ တစ်ပိဿာလျှင် ၅၊
၁၀၊ ၁၅ ကျပ်အထိ မြင့်တက်နိုင်ကြောင်း ၎င်းက ဆိုသည်။
“လာမယ့်အပတ် တက်ဖို့ အခုအပတ်မှာ ပြန်ဆင်းပေးထားတာ” ဟု ၎င်းက ဆိုသည်။
ဆီ တင်သွင်းသည့် ကုမ္ပဏီကြီးများထံမှ ဆီလက်ကား ကုန်သည်ကြီး လေး ငါးဦးက
ကန်အလိုက် အပြတ် ဝယ်ယူ ဈေးဖြတ်ထားကြောင်း၊ ယင်းကြောင့် ယခု ဆီဈေး
အတက်အကျသည် ဒေါ်လာဈေး အတက်အကျနှင့် တိုက်ရိုက် မဆိုင်ဘဲ ကုန်သည်ကြီးများက
ဈေး အတင်အချ လုပ်နေခြင်းဖြစ်ကြောင်း ငုဝါလမ်းမှ ဆီလက်ကား ကုန်သည်ကြီး
တစ်ဦးက ဆိုသည်။
ဆီကန်မှ ပွဲရုံအရောက် စားအုန်းဆီ တစ်ပိဿာ
သယ်ယူစရိတ် လေးကျပ်ခန့် ရှိပြီး ၁၀ ကျပ် ဈေးမြှင့် ခေါ်မှ အမြတ် တစ်ပိဿာ
ခြောက်ကျပ်ခန့်သာ ရှိကြောင်း တစ်ပီပါ တစ်သိန်း ခြောက်သောင်းခန့်
ရင်းနှီးထားလျှင် ၈၈၀ ကျပ်ခန့် အမြတ်ကျန်ရကာ ဆီပီပါ အလုံး ၁၀၀
အရောင်းအဝယ်ဖြစ်မှ ရှစ်သောင်း ရှစ်ထောင့် ရှစ်ရာခန့်သာ အမြတ်ကျန်သည်ဟု ၎င်းက
ဆိုသည်။
စားအုန်းဆီဈေး အတက်အကျ ဖြစ်နေသော်လည်း မြေပဲဆီ ဈေးမှာ
တစ်ပိဿာ [လက်ကားဈေး (ပီပါ)] ၃၉၀၀ ကျပ်ခန့် ရှိကြောင်း ဘုရင့်နောင်
ဆီဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။
The Voice Weekly
၁၅.၇.၂၀၁၃
ရန်ကုန် ဆီလက်ကား ဈေးကွက်တွင် ဈေးကွက်ဝေစု အများစု ရရှိထားသည့် စားအုန်းဆီ ဈေးသည် ဇူလိုင် ဒုတိယပတ်တွင် ပြန်အေးနေသော်လည်း ပိတ်ရက်များ ဆက်တိုက်ရှိသည့် ဇူလိုင်လ တတိယပတ် တွင် ပြန် မြင့်တက်နိုင်ကြောင်း ဘုရင့်နောင် စိန်ပန်းလမ်းမှ ဆီရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ဇူလိုင်လ ဒုတိယ သီတင်းပတ် ဈေးကွက်ဖွင့်ချိန်တွင် စားအုန်းဆီ တစ်ပိဿာ ၁၅၅၅ ကျပ်သာ ရှိခဲ့ရာ သောကြာနေ့နှင့် စနေနေ့ ဈေးကွက်ပိတ်မည့် အချိန် တွင် ၁၅၅၀ ကျပ်ကို ပြန်ဆင်းခဲ့ကြောင်း၊ လာမည့် သီတင်းပတ်တွင် ဝါဆို လပြည့်နှင့် အာဇာနည်နေ့ကဲ့သို့ ပိတ်ရက်များ ရှိနေသည်ကို အကြောင်းပြု၍ တစ်ပိဿာလျှင် ၅၊ ၁၀၊ ၁၅ ကျပ်အထိ မြင့်တက်နိုင်ကြောင်း ၎င်းက ဆိုသည်။
“လာမယ့်အပတ် တက်ဖို့ အခုအပတ်မှာ ပြန်ဆင်းပေးထားတာ” ဟု ၎င်းက ဆိုသည်။
ဆီ တင်သွင်းသည့် ကုမ္ပဏီကြီးများထံမှ ဆီလက်ကား ကုန်သည်ကြီး လေး ငါးဦးက ကန်အလိုက် အပြတ် ဝယ်ယူ ဈေးဖြတ်ထားကြောင်း၊ ယင်းကြောင့် ယခု ဆီဈေး အတက်အကျသည် ဒေါ်လာဈေး အတက်အကျနှင့် တိုက်ရိုက် မဆိုင်ဘဲ ကုန်သည်ကြီးများက ဈေး အတင်အချ လုပ်နေခြင်းဖြစ်ကြောင်း ငုဝါလမ်းမှ ဆီလက်ကား ကုန်သည်ကြီး တစ်ဦးက ဆိုသည်။
ဆီကန်မှ ပွဲရုံအရောက် စားအုန်းဆီ တစ်ပိဿာ သယ်ယူစရိတ် လေးကျပ်ခန့် ရှိပြီး ၁၀ ကျပ် ဈေးမြှင့် ခေါ်မှ အမြတ် တစ်ပိဿာ ခြောက်ကျပ်ခန့်သာ ရှိကြောင်း တစ်ပီပါ တစ်သိန်း ခြောက်သောင်းခန့် ရင်းနှီးထားလျှင် ၈၈၀ ကျပ်ခန့် အမြတ်ကျန်ရကာ ဆီပီပါ အလုံး ၁၀၀ အရောင်းအဝယ်ဖြစ်မှ ရှစ်သောင်း ရှစ်ထောင့် ရှစ်ရာခန့်သာ အမြတ်ကျန်သည်ဟု ၎င်းက ဆိုသည်။
စားအုန်းဆီဈေး အတက်အကျ ဖြစ်နေသော်လည်း မြေပဲဆီ ဈေးမှာ တစ်ပိဿာ [လက်ကားဈေး (ပီပါ)] ၃၉၀၀ ကျပ်ခန့် ရှိကြောင်း ဘုရင့်နောင် ဆီဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။
The Voice Weekly