Thursday, July 4, 2013

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ လုပ်ငန်းရှင်များထံ KIA မှ အခွန်ဆက်ကြေးငွေ တောင်းခံမှုများ ရှိနေ

0 comments
ဇူလိုင်လ ၄ ရက်
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ လုပ်ငန်းရှင်များထံ KIA မှ အခွန်ဆက်ကြေးငွေ တောင်းခံမှုများ ရှိနေ

4/7/2013

၂၀၁၃ ခုနှစ် ဇွန်လအတွင်း မိုးကောင်းမြို့ရှိ လုပ်ငန်းရှင်များထံ KIA မှ ဆက်ကြေးငွေများကို လုပ်ငန်းအမျိုးအစားအလိုက် ခွဲခြားသတ်မှတ် ကောက်ခံလျက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဆက်ကြေးငွေကို သွားရောက်ပေးဆောင်ခဲ့သူ တစ်ဦးမှ "ကျွန်တော်တို့ဆီကို လူနှစ်ယောက်က ဆင့်ခေါ်စာ လာပေးပါတယ်။ အဲဒီစာထဲမှာ သွင်းရမယ့်ငွေ ပမာဏကို ရေးထားတယ်။ သွားပေးရမယ့် နေရာကိုလည်း ရေးထားတယ်။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် မပေးချင်ဘူး။ ဒါပေမယ့် အိမ်မှာကျောင်းသားတွေရှိတော့ သူတို့ရန်ကိုကြောက်ပြီး ပေးရတယ်။ မပေးရင် ဘာဖြစ်မလဲ၊ ဘာမှမပြောနိုင်ဘူး။ အရင် ၁၁ လပိုင်းတုန်းက တစ်ခါဆောင်ပြီးပြီ။ အခုပြန်လာပြန်တယ်။ တစ်နှစ်တောင် မပြည့်သေးဘူး။ ကျွန်တော်တို့မှာ စီးပွားရေးလုပ်ရတာ အဆင်မပြေရတဲ့အထဲ ဒီအတွက် ပြန်ရှာနေရတယ်။ သက်ဆိုင်ရာ သွားတိုင်ရင်လည်း ကျွန်တော်တို့ဘ၀ လုံခြုံရေးအတွက် အပြည့်အ၀ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး" ဟု ပြောကြားခဲ့သည်။
ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် မပေးချင်ဘူး။ ဒါပေမယ့် အိမ်မှာကျောင်းသားတွေရှိတော့ သူတို့ရန်ကိုကြောက်ပြီး ပေးရတယ်။ မပေးရင် ဘာဖြစ်မလဲ၊ ဘာမှမပြောနိုင်ဘူး။ အရင် ၁၁ လပိုင်းတုန်းက တစ်ခါဆောင်ပြီးပြီ။ အခုပြန်လာပြန်တယ်။ တစ်နှစ်တောင် မပြည့်သေးဘူး . . . . .

၎င်းမှ ဆက်လက်ပြီး "ကျွန်တော်သွားတဲ့နေ့က ဆက်ကြေးလာသွင်းတာ လူရှစ်ယောက်လောက် ရှိတယ်။ လုပ်ငန်းမတူတော့ သွင်းရတဲ့ ငွေပမာဏက မတူဘူး။ ကျွန်တော်က သွင်းရမယ့် ငွေပမာဏကို လျှော့ပေးဖို့ တောင်းပန်တာ မရဘူး။ ပြီးတော့ ဆင့်စာမှာလည်း ဤစာကြောင့် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက လူကြီးမင်း၏ တာဝန်သာ ဖြစ်သည်တဲ့။ ဘာသဘောမှန်းလဲ မသိဘူး။ ကျွန်တော့်မှာ အစိုးရနှစ်ခု ရှိတယ်လို့ကို ခံစားရတော့တာပါပဲ။ မနှစ်က ကျွန်တော်တို့ထဲက လူကြီးက စစ်တပ်ကို သွားပြောတော့ ရှောင်နေလိုက်ပါလို့ ပြောခဲ့တယ်တဲ့။ ဘယ်လိုရှောင်ရမှာလဲ နီးရာဓါး ကြောက်ရတာပါပဲ" ဟု ပြောကြားခဲ့သည်။

လုပ်ငန်းရှင် အများစုမှာ ဆက်ကြေးပေးဆောင်ရသည့် ကိစ္စအား လူအများ သိမည်ကို စိုးရိမ်နေပြီး မိမိဘ၀ လုံခြုံရေးအတွက် လျှို့ဝှက်ပေးဆောင် နေရကြောင်းနှင့် ထိုကဲ့သို့ ပေးဆောင်နေရခြင်းမှာ တရားမျှတမှု မရှိသော်လည်း ပြောဆိုဆွေးနွေးခြင်းကိုပင် အချင်းချင်း မပြုလုပ်ရဲကြောင်း လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

Credit to>>>Eleven Media Group

Eleven Media Group

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here