Tuesday, August 27, 2013

သိန်းပေါင်းထောင်ငါးရာ ကျော်တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်း ဆေးပြားများ ဖမ်းဆီးရမိ

0 comments

27.8.2013

Photo: သိန်းပေါင်းထောင်ငါးရာကျော်တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြားများ ဖမ်းဆီးရမိ
Tuesday, August 27, 2013

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ၊ အင်ဒိုင်းကြီးကျေးရွာတွင် သြဂုတ်လ(၂၄)ရက်နေ့က တမူးမြို့မှ ကလေးမြို့သို့ ကားဖြင့် သယ်ဆောင်လာသော ဆူဒိုအက်ဖီဒရင်းဆေးပြားများကို ဖမ်းဆီးရမိကြောင်း မူးယစ်အထူးတပ်ဖွဲ့မှ သိရသည်။

ကလေးခရိုင်ရဲတပ်ဖွဲ့မှူး၏ စီစဉ်ညွှန်ကြားမှုဖြင့် အင်ဒိုင်းကြီးကျေးရွာ တန်ပိုဂိတ်တွင် စောင့်ဆိုင်း ဖမ်းဆီး စစ်ဆေးနေရာ တမူးမြို့မှ ကလေးမြို့သို့ယာဉ်မောင်း ကျော်နိုင်ဝင်း ၊ ယာဉ်နောက်လိုက်
ထက်နိုင်လင်းတို့ မောင်းနှင်လာသော ဆီဘောက်ဆာ ယာဉ်အမှတ် (၈ည/၃၂၆၁)အား ရှာဖွေရာ စိတ်ကြွဆေးဝါးများ ချက်လုပ်ရာတွင် အသုံးပြုသော ငွေကျပ်သိန်း(၁၅၀၀)ကျော် တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်း ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်အထူး နှိမ်နင်းရေးအဖွဲ့ ရဲအုပ်လှနိုင်ထံမှ သိရသည်။

ဆီဘောက်ဆာပေါ်တွင် တင်ဆောင်ထားသည့် အစိမ်းနုရောင် ပေပါအ တွင်းမှ တစ်ပြားလျှင် အလေးချိန်(၀.၁)ဂရမ်ခန့်စီရှိ အဖြူရောင် ဆူဒိုအက် ဖီဒရင်းဆေးပြား(၂၂၀၀၀၀)ပြားစီပါ အထုပ်(၇)ထုပ်၊ ဆေးပြားပေါင်း (၁၅၄၀၀၀၀)ပြား၊ စုစုပေါင်းအလေးချိန်(၁၅၄)ကီလို၊ ကာလတန်ဖိုး ကျပ်(၁၅၄၀)သိန်းကို ရှာဖွေဖမ်းဆီး မိခဲ့ကြောင်း၊ ကားခေါင်း အတွင်းတွင် Step တံဆိပ်ပါအ၀ါရောင်အိတ် အတွင်းမှ HUWAEI တံဆိပ် အ နက်ရောင် ဖုန်းတစ်လုံးနှင့် NOKIA တံဆိပ်ပါ အဖြူရောင် ဖုန်းတစ်လုံး၊ ငွေစက္ကူ (၁၃၁၀၀၀)ကျပ်တို့အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း ရဲအုပ်လှနိုင်က ဆက်လက် ပြောကြားသည်။

“ယာဉ်မောင်းဦးကျော်နိုင်ဝင်းကို စစ်ဆေး ဖော်ထုတ်ချက်အရတော့ ကလေးမြို့က ဦးမင်းလွင်နှင့် တမူးမြို့က ဦးညီညီအောင်တို့က သယ်ယူခိုင်းတဲ့ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ကျွန်တော်တို့လည်း တမူးခရိုင် ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ပြီး ဦးညီညီအောင်ကို ချက်ချင်း ဖမ်းဆီးနိုင်ခဲ့ပေမယ့် ဦးမင်းလွင်ကတော့ တိမ်းရှောင်နေလို့ အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေပါတယ်။ ကလေးမြို့ရဲစခန်းမှာ ပ/၉၆နှင့် အမှုဖွင့်ပြီး မယ(ပ)၉၆/၂၀၁၃၊ မူး/စိတ်-၁၅/၁၆(ခ)/၂၀ (က)/၂၁ ပုဒ်မတွေနှင့် ဥပဒေအရ ဆက်လက်အရေးယူသွားမှာပါ ”ဟု အထူးမူးယစ်နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်လှနိုင် ပြောသည်။

ကျော်သူစိုး(ကလေးမြို့)
ွှThe Myanma Age

The Myanma Age

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here