Wednesday, August 28, 2013

သမ္မတဟောင်း ဦးနေဝင်း သမီးပိုင် နဝရတ် ဟိုတယ်ကို ကြွေးကျန် ဒေါ်လာ နှစ်သန်းကျော် ဆပ်ရန် အစိုးရ သတိပေး

0 comments
28-08-2013

နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ သမီး ပိုင်ဆိုင်သော နဝရတ် ဟိုတယ်က ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသို့ ကြွေးကျန် အမေရိကန် ဒေါ်လာ နှစ်သန်းကျော်ကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ရန် အစိုးရက တရားဝင် သတိပေးစာ ပို့ထားကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ကြွေးကျန်ကိစ္စ ရှင်းလင်းရန် ဇူလိုင်လ အတွင်းက မှုလပိုင်ရှင်ထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် အဆိုပါ ဟိုတယ်ကို ခေတ္တ ပိတ်သိမ်းခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းဟိုတယ်၏ ယခင် ရှယ်ယာပိုင်ဆိုင်သူ တစ်ဦးဖြစ်သူ ဦးအေးဇော်ဝင်း က မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ ကုမ္ပဏီအသစ် ပြန်လည် လျှောက် ထားခဲ့ခြင်းကြောင့် သြဂုတ်လ ၁ ရက်နေ့တွင် ဖွင့်လှစ်ခွင့် ပြုခဲ့ပြီး ကြွေးကျန် များ ပေးရန် သတိပေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းအစီရင်ခံစာအရ သိရှိရသည်။

အချို့သော ဟိုတယ်များမှာ ကြွေးကျန်များ ပေးချေပြီး ဖြစ်သော်လည်း အချို့မှာ ပေးချေနေဆဲ ဖြစ်ပြီး ကြွေးကျန်များ ပေးဆောင်ရန် ကျန်နေသေးသည့် ဟိုတယ်များ ရှိနေသေးကြောင်း ယင်းအစီရင်ခံစာကို ကိုးကား၍ ပြည်သူ့ ပူးပေါင်း ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် သြဂုတ်လအထိ ဟိုတယ် ခုနစ်ခုက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသို့ ပေးဆောင်ရန် ကြွေးကျန် အမေရိကန် ဒေါ်လာ ၂၂ç၈၉၀ သန်း ကျန်ရှိနေသေးကြောင်း ယင်း အစီရင်ခံစာတွင် ဖော်ပြ ပါရှိသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here