Wednesday, August 28, 2013

SSPP/SSA အဖွဲ့မှ ကျေးသီးမြို့နယ်တွင် အရွယ်မရောက်သေးသော ဒေသခံကလေးများအား လူသစ်စုဆောင်း လျက်ရှိ

0 comments
28.8.2013

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ရှိ ကျေးရွာအုပ်စုများ၌ ရှမ်းပြည်တိုးတက် ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)SSPP/SSA အဖွဲ့မှ ဇူလိုင်လအတွင်းကစ၍ အရွယ်မရောက်သေးသော ဒေသခံကလေးများအား လူသစ်စုဆောင်းလျက်ရှိရာ သြဂုတ် ၂၆ ရက်နေ့ ညနေပိုင်းတွင် ၎င်းကျေးရွာများသို့ လူသစ်ထပ်မံစုဆောင်းရန် ရောက်ရှိလာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကလေးတွေကို လာခေါ်နေတာပါ။ အသက် ၈ နှစ်နဲ့အထက် ယောကျာင်္း လေးတွေကို ရွေးခေါ်ပြီး ၀မ်ဟိုင်းဌာနချုပ်မှာ လူငယ်ပရဟိတစာသင်ကျောင်းဖွင့်ထားတဲ့အတွက် ရှမ်းစာတွေ သင်ပေးတယ်ဆိုပြီး အကြောင်းပြနေတာပဲလေ။ ဒါပေမယ့် ကလေးတွေက ကိုယ့်မိဘအိမ်မှာပဲနေပြီး ကျောင်း တက်ချင်မှာပေါ့။ အဓိကကတော့ အရွယ်မရောက်သေးခင် လူသစ်စုတဲ့သဘောပါပဲ” ဟု ကျေးသီးမြို့ခံကျောင်း ဆရာတစ်ဦးက ပြောပြသည်။

သူကဆက်လက်၍ “ကျွန်တော်က ဒီမြို့ခံဆိုတော့ ရှမ်းပြည်နယ်တပ်မတော်(မြောက်ပိုင်း)လို့ခေါ်တဲ့ SSA (၀မ်ဟိုင်း)အဖွဲ့အကြောင်း အကုန်သိတာပေါ့။ ရှမ်းစာသင်ပေးမယ်ဆိုပြီးခေါ်သွားတဲ့ ကလေးတွေကို စစ် သင်တန်းတွေ တက်ခိုင်းတယ်။ အရွယ်ရောက်ပြီဆိုတာနဲ့ သေနတ်တွေပေးပြီး ရွာတွေမှာ ပြည်သူ့စစ်အဖြစ် ပြန်နေခိုင်းတာဗျ။ ရှင်းရှင်းပြောရရင် အရွယ်ရောက်တဲ့ လူငယ်တွေအားလုံး SSA (၀မ်ဟိုင်း)အဖွဲ့ဝင်တွေ ဖြစ်ကုန်တာပေါ့ဗျာ” ဟု ပြောပြခဲ့သည်။

ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA အဖွဲ့မှ ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ အသက်(၈)နှစ်နှင့်အထက် ကလေးများအား လူသစ်အဖြစ်စုဆောင်းနေမှုများကြောင့် ဒေသခံတိုင်းရင်းသားမိသားစုများမှာ ကလေးများ၏ပညာရေးအတွက် စိတ်ပူနေရကြောင်း၊ တောင်ယာစိုက်ပျိုး ခြင်းနှင့် ကျွဲ၊ နွားထိန်းကျောင်း ရာတွင် လုပ်အားလျှော့နည်းမှုများ ကြုံတွေ့ရကြောင်း၊ လူသစ်မပေးနိုင်သော ကျေးရွာများအနေဖြင့် ကျေးရွာအုပ်စု(၁)အုပ်စုလျှင် ငွေ(၆၅)သိန်းပေးဆောင်နေရကြောင်း၊ အချို့မိသားစု များမှာ အသက် ၈ နှစ်ပြည့်ပြီးသော ယောင်္ကျားလေးများအား ရှင်ပြုပေးကာသာသနာ့ဘောင်သို့ အပြီးဝင် ခိုင်းခြင်း၊ အခြားမြို့/ရွာများသို့ ပညာသင်ကြားရန် ပို့ဆောင်ထားခြင်းတို့ဖြင့် SSPP/SSA ၏ လူသစ်စုဆောင်းမှု ကို ရင်ဆိုင်ဖြေရှင်းနေကြရကြောင်း သိရှိရပါသည်။

စိုင်းအောင်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here