ဝန်ကြီးဌာနတွေရဲ့ ဌာန အဖွဲ့အစည်း ၁၀၀ ကျော်ဟာ လုပ်ထုံးလုပ်နည်းတွေနဲ့ လိုက်နာဆောင်ရွက်မှု အားနည်းသလို ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ မညီညွတ်ပဲ ဆောင်ရွက်နေတာတွေကို တွေ့ရတဲ့အကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သြဂုတ်လ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ် ဘာဏ္ဍာငွေ အရအသုံးဆိုင်ရာ စာရင်းတွေကို ပြည်သူ့ငွေစာရင်းပူးပေါင်းကောမတ
ဒီတွေ့ရှိမှုနဲ့ပါတ်သက်ပြီး သက်ဆိုင်ရာဌာနတွေက တာဝန်ရှိတဲ့ ၀န်ထမ်းတွေကို တရားဥပဒေအရ ရေးယူမှုတွေပြုလုပ်ခဲ့သလို ၀န်ထမ်း စည်းမျဥ်းစည်းကမ်းတွေနဲ့လဲ အရေးယူခဲ့တယ်လို့ ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာဌာနတွေကို ၂၀၁၃ ခုနစ် ၁ လပိုင်း မှာ ဒီနစ်နာခဲ့တဲ့ ငွေကြေးတွေကို အပြီးသတ် အကြေဆပ်စေခဲ့ပါတယ်။ ၀န်ကြီးဌာန ၅ ခုမှာတော့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့အထို ကြွေးကျန်အမှုပေါင်း ၁၂ မှုရှိတယ်လို့သိရပါတယ်။
စည်သူဇေယျ - DVB -