Monday, August 19, 2013

ကိုယ်ခံပညာပေါင်းစုံ ထိုးသတ်ပွဲ အမေရိကန်နိုင်ငံသား ကိုအောင်လ အနိုင်ရ

0 comments

သြဂုတ်လ(၁၉)ရက်
Photo: ကိုယ်ခံပညာပေါင်းစုံ ထိုးသတ်ပွဲ အမေရိကန်နိုင်ငံသား ကိုအောင်လ အနိုင်ရ

19.8.2013

အမေရိကန် ပြည်ထောင်စုတွင် လူကြိုက်များလာသည့် ရုံတွင်း အားကစားဖြစ်သော ကိုယ်ခံပညာ ပေါင်းစုံ CFFC (Cage Fury Fighting Championships) ပြိုင်ပွဲတွင် ပရိသတ်များ၏ ‘မြန်မာစပါးအုံး’ ဟု တင်စားခြင်း ခံရသော ကချင် တိုင်းရင်းသား အင်ဆန် အောင်လသည် ပြိုင်ဘက်ဖြစ်သူ အမေရိကန်နိုင်ငံသား ဂွတ်ဒ်ရစ်ဂ်ျကို ဒုတိယအချီတွင် အလဲထိုးကာ အနိုင် ရရှိသွားကြောင်း Cffc.Tv တွင် ဖော်ပြထားသည်။

ဒေသ စံတော်ချိန် သြဂုတ် ၁၈ရက်နေ့တွင် အတ္တလန္တာမြို့တော် နယူးဂျာစီရှိ အားကစားရုံ၌ ကျင်းပခဲ့သည့် CFFC ကစားပွဲ ပွဲစဉ် ၂၆ တွင် ဒုတိယအချီ ပွဲချိန် တစ်မိနစ်နှင့် ၄၄ စက္ကန့် အကြာတွင် ပြိုင်ဘက်ဖြစ်သူ အမေရိကန်နိုင်ငံသား ဂွတ်ဒ်ရစ်ဂ်ျက အရှုံးပေးလိုက်သဖြင့် အနိုင်ရရှိ သွားခြင်း ဖြစ်ကြောင်း အားကစား ဝက်ဘ်ဆိုက် တစ်ခု ဖြစ်သော Topology.com တွင် ဖော်ပြထားသည်။

အောင်လက ယခုပွဲစဉ်အတွက် ကြိုတင် ပြင်ဆင်မှု အဖြစ် မွေထိုင်း၊ ဘောက်ဆင်၊ ဘရာဇီး ကိုယ်ခံပညာ ဖြစ်သည့် ဂျင်ဂျစ်ဆု တို့ကို တစ်ပတ်လျင် ၆ ရက် ပြင်းထန်စွာ လေ့ကျင့်ခဲ့ရကြောင်း တစ်ရက်လျင် အားကစား နည်းမျိုးစုံကို ဆက်ရှင်ခွဲကာ လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း cffc.tv တွင် ဖော်ပြသည်။

အသက် ၂၈နှစ် အရွယ် အောင်လက “ကျွန်တော့် ရည်မှန်းချက်က MMA ဝယ်တာဝိတ် ကမ္ဘာ့ချန်ပီယံ ဖြစ်ဖို့ပါ။ ကျွန်တော့်ရဲ့ အိပ်မက်တွေ တကယ် ဖြစ်လာခဲ့ပါပြီ။ ကျွန်တော် ဒီအလုပ် ဆက်မလုပ်နိုင်တော့ရင် စစ်တပ်မှာ တာဝန် ထမ်းဆောင်မှာပါ။ ကျွန်တော့်အနေနဲ့ ကျော်ကြားသူ တစ်ယောက် မဖြစ်လိုပါဘူး၊ လက်ရှိ အချိန်မှာတော့ ကျွန်တော့် ကလပ် အသင်းကို အောင်မြင်အောင် ကြိုးစားနေပါတယ်ဟု” နိုင်ပွဲအပြီး ပြောဆို ခဲ့သည်။

အောင်လသည် အရပ် ၆ ပေ ၁ လက်မနှင့် ပေါင် ၁၈၅ ပေါင် ရှိကာ ယခင် ပွဲစဉ်တွင် အနိုင်ရခဲ့စဉ်က ရရှိခဲ့သော ဆုငွေများကို ကချင် စစ်ဘေး ဒုက္ခသည် စခန်းသို့ လှူဒါန်းခဲ့ကာ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ (MMA) နယ်ပယ်တွင် အောင်မြင်သူ တစ်ဦးအဖြစ် လက်ရှိတွင် ရပ်တည်နေသူ တစ်ဦး ဖြစ်သည်။ ယခုနှစ်တွင် ကျင်းပသည့် ၄င်းကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် ၁၄ ပွဲ အနိုင်၊ ၈ ပွဲရှုံး ရလဒ် ရရှိထားသည်။

The Voice Weekly

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here