Wednesday, October 23, 2013

ရခိုင်တွင် အကောင်အထည်ဖော်နေသော စီမံကိန်းများ၏ EIA, SIA စစ်တမ်းများ ထုတ်ပြရန် တောင်းဆို

0 comments
23-10-2013

ကေဇင်ဦး

ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းဆယ်ခု၏ EIA (သဘာဝပတ် ၀န်းကျင် နစ်နာမှုဆိုင်ရာ ဆန်းစစ်ချက်) နှင့် SIA (လူမှုဘ၀နစ်နာမှုဆိုင်ရာ ဆန်းစစ်ချက်)များကို ပြည် သူသို့ ထုတ်ပြရန် အောက်တိုဘာ၂၁ က မြောက်ဦးမြို့တွင် ပြုလုပ်သော တွင်းထွက်သယံဇာတ တူးဖော် ရေး ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးလုပ်ငန်းများ (EITI) အလုပ်ရုံဆွေးနွေးပွဲ အစည်းအဝေးမှ ထုတ် ပြန် တောင်းဆိုသည်။

အဆိုပါအစည်းအဝေးတွင် ရခိုင်ပြည်နယ်၌ အကောင်အထည်ဖော်လျှက်ရှိသော စီမံကိန်းများကြောင့် ရခိုင်ပြည်နယ် သဘာဝရှိ သစ်တောများ ပျက်စီးမှု၊ ပင်လယ်ပြင်များ ပျက်စီးမှုနှင့် သယံဇာတများတူးဖော် မှုများကို ဆွေးနွေးခဲ့ပြီး ယင်းစီမံကိန်းများကြောင့် ဒေသခံများ အကျိုးခံစားခွင့် ရရှိမှုများကိုလည်း ရခိုင် ပြည်နယ် မြို့နယ် ၁၇ မြို့နယ်မှ ကိုယ်စားလှယ်များက သုံးသပ်ခဲ့ကြပြီး အစည်းအဝေးအပြီးတွင် ယင်းကဲ့ သို့ ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်တွင် ပြုလုပ်သော စီမံကိန်းများသည် ရခိုင်ပြည်သူလူထုကို ထိရောက်သော အကျိုးစီးပွားများ ဖော်ဆောင်ပေးနိုင်ခြင်း မရှိသေးသဖြင့် ယင်းစီမံကိန်းဆယ်ခုကို ရပ်တန့်ပေး ရန်လည်း တောင်းဆိုလိုက်သည်။

ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ပြည်သူ့သယံဇာတ အကျိုးခံစားခွင့် ခွဲဝေရရှိရေးကော်မတီမှ ဦး မျိုးထွန်းက “စီမံကိန်းတွေ အကောင်အထည်ဖော်ပေမယ့် ဒေသခံတွေကို အကျိုးခံစားခွင့်မပြုရင် ရပ်တန့် ထားဖို့ တောင်းဆိုတာပါ။ ဒါတင်မက ဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီး EIA,SIA စစ်တမ်းတွေ ကောက်ယူ ထုတ်ပြဖို့လည်း တောင်းဆိုထားပါတယ်”ဟု ပြောသည်။

စီမံကိန်း ၁၀ ခုစလုံးမှာ EIA,SIA စစ်တမ်းများ ကောက်ယူရခြင်း မရှိသေးဟုလည်း အစည်းအဝေး ထုတ် ပြန်ချက်မှ သိရသည်။

ရခိုင်ပြည်နယ်တွင် အကောင်အထည် ဖော်လျက်ရှိသော စီမံကိန်းများမှာ မြောက်ဦးမြို့နယ် အတွင်းရှိ လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း၊ မောင်တောမြို့နယ်ရှိ ကုလားတန်မြစ်ကြောင်း စီမံကိန်းနှင့် တိုက်တေ နီယမ် ထုတ်လုပ်မှုစီမံကိန်း၊ တောင်ကုတ်မြို့နယ်ရှိ နေပူတောင်စီမံကိန်း၊ ကျောက်ဖြူမြို့နယ်ရှိ အထူးစီး ပွါးရေးဇုန်စီမံကိန်းနှင့် မဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်းများ၊ မာန်အောင်မြို့နယ်ရှိ ဟိုတယ်ဇုန်နှင့် စိုက်ပျိုးမွေးမြူရေး စီမံကိန်း၊ သံတွဲမြို့နယ်ရှိ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ အမ်းမြို့နယ်ရှိ အမ်း ချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူ-ကူမင်း ရထားလမ်း၊ ယင်းစီမံကိန်း များကို ရပ်တန့်ပေးရန် လည်း တောင်းဆိုထားသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းရှိ စီမံကိန်းဖြစ်သော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှထွက်သော ဓာတ် ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ်ရှိ ကျေးလက်နှင့် မြို့ပြများတွင် ရန်ကုန်မြို့နှင့်တူ ညီသော ဈေးနှုန်းဖြင့် လျှပ်စစ် ဓာတ်အား ၂၄ နာရီ သုံးစွဲခွင့်ပြုရန်နှင့် စီမံကိန်းမှရရှိသော အကျိုးအမြတ်များကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးစွဲရန်လည်း ထည့်သွင်း တောင်းဆိုထားသည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဒေါ်အေးနုစိန်ကလည်း “စီမံကိန်းတွေသာ ရခိုင်မှာ များလာပေ မယ့် ရခိုင်က လူငယ်တွေအတွက် အလုပ်အကိုင်မရှိဘူး။ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ် ကိုင်လာကြရတယ်။ အလုပ်အကိုင်အခွင့်အလမ်းကအစ အခြားအခွင့်အရေးတွေ ဒေသ ခံတွေကို ဖော် ဆောင်ပေးဖို့လိုတယ်”ဟု အောက်တိုဘာ ၂၂ တွင် မဇ္ဈိမသို့ ပြောသည်။

ထိုသို့ တွင်းထွက်သယံဇာတတူးဖော်ရေး ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက် သော အလုပ်ရုံဆွေးနွေးပွဲများကို ရခိုင်ပြည်နယ် မြို့နယ် ၁၁ မြို့နယ်တွင် ပြုလုပ်သွား မည်ဖြစ်ပြီး မြောက် ဦးမြို့တွင် ပထမအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

ယင်းစီမံကိန်းများအနက် အချို့မှာ ဒေသခံများ၏ ကန့်ကွက်မှုများကြောင့် ရပ်နားထားပြီး အချို့မှာ အ ကောင်အထည်ဖော်လျက်ရှိသည်။ ၎င်းအပြင် သမ္မတ၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ကျောက်ဖြူမြို့ နယ်တွင် စက်မှုဇုန်တည်ဆောက်ရန်နှင့် သံတွဲမြို့နယ်တွင် ဟိုတယ်စီမံကိန်းများ အကောင်အထည်ဖော် ရန်လည်း ညွှန်ကြားခဲ့သေးသည်။

တွင်းထွက်သယံဇာတ တူးဖော်ရေး ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (EITI) အဖွဲ့ ၀င်နိုင်ငံအဖြစ် မြန်မာနိုင်ငံက ပါဝင်နိုင်ရန် ဒီဇင်ဘာလတွင် အဖွဲ့ဝင်လောင်း အဖြစ် လျှောက်ထား မည်ဖြစ် ကြောင်း အရပ်ဘက် အဖွဲ့အစည်းများက စက်တင်ဘာလအတွင်း ရန်ကုန်မြို့တွင် ပြုလုပ်သော EITI အ လုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here