Friday, August 16, 2013

မြွေအာမခံ ထားပါက ငွေကျပ်ငါးရာ (တစ်ယူနစ်)အတွက် လျော်ကြေးငွေ ကျပ်ငါးသိန်း ခံစားခွင့်ရမည်

0 comments

သြဂုတ်လ(၁၆)ရက်
Photo: မြွေအာမခံ ထားပါက ငွေကျပ်ငါးရာ (တစ်ယူနစ်)အတွက် လျော်ကြေးငွေ ကျပ်ငါးသိန်း ခံစားခွင့်ရမည်

16.8.2013

မြန်မာနိုင်ငံတွင် မြွေအန္တရာယ် ရှိသော ဒေသများစွာ ရှိပြီး ထိုဒေသ များမှာလည်း ကျေးလက်ဒေသများ ဖြစ်၍ တောင်သူ လယ်သမားများသာ
အများဆုံး ဖြစ်ကြသောကြောင့် မြွေအန္တရာယ် ဖြစ်လာပါက အသက် ဆုံးရှုံးမှု မဖြစ်စေရန် မြွေအကိုက်ခံရမှု အသက် အာမခံထားရှိပါက တစ်နှစ်စာ တစ်ယူနစ်အတွက် ငွေကျပ်ငါးရာသာ ကုန်ကျမည် ဖြစ်ပြီး မြွေကိုက် ခံရပါက ဆေးဝါးစရိတ် မစိုးရိမ်ရသည့် အပြင် အကယ်၍ အသက် သေဆုံးခဲ့ပါက မိသားစုအတွက် လျော်ကြေးရရှိမည် ဖြစ်ကြောင်း IKBZ အာမခံ လုပ်ငန်းမှ သိရသည်။

မြွေအသက် အာမခံအတွက် တစ်နှစ်စာကို တစ်ယူနစ် အတွက် ငွေကျပ်ငါးရာသာ ကုန်ကျမည် ဖြစ်ပြီး၁ဝ ယူနစ်အထိ အသက် အာမခံ ထားနိုင်သည်။

၁ဝ ယူနစ် အာမခံ ထားရှိထားသူမှာ အသက် သေဆုံးသွားပါက ၁ဝ ယူနစ် အတွက် ငွေကျပ် သိန်း ၅ဝ လျော်ကြေး ရရှိမည် ဖြစ်ကြောင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီတစ်ခုမှ အထွေထွေ မန်နေဂျာ တစ်ဦးက ပြောကြားခဲ့သည်။

မြွေကိုက်ခံရပြီး အသက်သေဆုံးမှု မရှိပါကလည်း ဆေးရုံစရိတ် အဖြစ် တစ်ယူနစ်ကို ငွေကျပ်ရှစ်သောင်း သတ်မှတ်ထားပြီး ၁ဝ ယူနစ်ထား ရှိသူများမှာ ဆေးရုံစရိတ် အဖြစ်

ငွေကျပ် ရှစ်သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။ မြွေကိုက်ခံရမှုကြောင့် အသက် မသေဆုံးသော်လည်း အောက်တစ်ပိုင်း သေမှုများနှင့် ဒုက္ခိတ ဖြစ်သွားပါက တစ်ယူနစ် အတွက် လျော်ကြေးငွေကျပ် နှစ်သိန်းခွဲ ရရှိမည် ဖြစ်ပြီး ၁ဝယူနစ် ထားရှိသူများမှာ ငွေကျပ် ၂၅သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျေးလက် ဒေသများမှ ပြည်သူများသည် အာမခံစနစ်ကို ကောင်းစွာ သဘော မပေါက်သေးသောကြောင့် အသက် အာမခံထားရှိမှု အလွန်နည်းပါးနေပြီး အသက်အာမခံ ထားရှိ မှုမှာ မိမိတို့၏ ဘဝအခြေအနေ ပျက်သွားလောက်သည် အထိ ဖြစ်နိုင်သော မီး၊ ရေ၊ မြွေ၊ မော်တော်ကားနှင့် အခြားသော ထိခိုက် သေဆုံးမှုများ အတွက် အာမခံစနစ် များစွာရှိနေပြီး ကျေးလက်နေ ပြည်သူများမှာ အာမခံ ထားရှိမှု၏ အကျိုးများကို သိရှိမှု နည်းပါးနေကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် မကြာခဏ မြွေကိုက်ခံရသော အဖြစ်များ ကြုံတွေ့နေရပြီး ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့နယ်တွင်လည်း မြွေကိုက် ခံရမှုများ မကြာခဏ ဖြစ်ပေါ်နေသောကြောင့် မြွေဆိပ်ဖြေဆေးများ သွားရောက် လှူဒါန်း နေရကြောင်း လပွတ္တာမြို့နယ် အသင်းနာယက ဦးမြတ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ
မြန်မာနိုင်ငံတွင် မြွေအန္တရာယ်ရှိသော ဒေသများစွာရှိပြီးထိုဒေသများမှာလည်း ကျေးလက်ဒေသများ ဖြစ်၍ တောင်
သူလယ်သမားများသာအများဆုံး ဖြစ်ကြသောကြောင့် မြွေအန္တရာယ် ဖြစ်လာပါက အသက် ဆုံးရှုံးမှု မဖြစ်စေရန် မြွေအကိုက်ခံရမှု အသက် အာမခံထားရှိပါက တစ်နှစ်စာ တစ်ယူနစ်အတွက် ငွေကျပ်ငါးရာသာ ကုန်ကျမည် ဖြစ်ပြီး မြွေကိုက် ခံရပါက ဆေးဝါးစရိတ် မစိုးရိမ်ရသည့် အပြင် အကယ်၍ အသက် သေဆုံးခဲ့ပါက မိသားစုအတွက် လျော်ကြေးရရှိမည် ဖြစ်ကြောင်း IKBZ အာမခံ လုပ်ငန်းမှ သိရသည်။

မြွေအသက် အာမခံအတွက် တစ်နှစ်စာကို တစ်ယူနစ် အတွက် ငွေကျပ်ငါးရာသာ ကုန်ကျမည် ဖြစ်ပြီး၁ဝ ယူနစ်အထိ အသက် အာမခံ ထားနိုင်သည်။

၁ဝ ယူနစ် အာမခံ ထားရှိထားသူမှာ အသက် သေဆုံးသွားပါက ၁ဝ ယူနစ် အတွက် ငွေကျပ် သိန်း ၅ဝ လျော်ကြေး ရရှိမည် ဖြစ်ကြောင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီတစ်ခုမှ အထွေထွေ မန်နေဂျာ တစ်ဦးက ပြောကြားခဲ့သည်။

မြွေကိုက်ခံရပြီး အသက်သေဆုံးမှု မရှိပါကလည်း ဆေးရုံစရိတ် အဖြစ် တစ်ယူနစ်ကို ငွေကျပ်ရှစ်သောင်း သတ်မှတ်ထားပြီး ၁ဝ ယူနစ်ထား ရှိသူများမှာ ဆေးရုံစရိတ် အဖြစ်

ငွေကျပ် ရှစ်သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။ မြွေကိုက်ခံရမှုကြောင့် အသက် မသေဆုံးသော်လည်း အောက်တစ်ပိုင်း သေမှုများနှင့် ဒုက္ခိတ ဖြစ်သွားပါက တစ်ယူနစ် အတွက် လျော်ကြေးငွေကျပ် နှစ်သိန်းခွဲ ရရှိမည် ဖြစ်ပြီး ၁ဝယူနစ် ထားရှိသူများမှာ ငွေကျပ် ၂၅သိန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျေးလက် ဒေသများမှ ပြည်သူများသည် အာမခံစနစ်ကို ကောင်းစွာ သဘော မပေါက်သေးသောကြောင့် အသက် အာမခံထားရှိမှု အလွန်နည်းပါးနေပြီး အသက်အာမခံ ထားရှိ မှုမှာ မိမိတို့၏ ဘဝအခြေအနေ ပျက်သွားလောက်သည် အထိ ဖြစ်နိုင်သော မီး၊ ရေ၊ မြွေ၊ မော်တော်ကားနှင့် အခြားသော ထိခိုက် သေဆုံးမှုများ အတွက် အာမခံစနစ် များစွာရှိနေပြီး ကျေးလက်နေ ပြည်သူများမှာ အာမခံ ထားရှိမှု၏ အကျိုးများကို သိရှိမှု နည်းပါးနေကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် မကြာခဏ မြွေကိုက်ခံရသော အဖြစ်များ ကြုံတွေ့နေရပြီး ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာ မြို့နယ်တွင်လည်း မြွေကိုက် ခံရမှုများ မကြာခဏ ဖြစ်ပေါ်နေသောကြောင့် မြွေဆိပ်ဖြေဆေးများ သွားရောက် လှူဒါန်း နေရကြောင်း လပွတ္တာမြို့နယ် အသင်းနာယက ဦးမြတ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here