Tuesday, August 13, 2013

မိုင်းဆတ်မြို့နယ် ၀မ်နောင်-ပူနားကိုသွား ကားလမ်းပေါ်မှ ဘိန်းဖြူများဖမ်းဆီးရမိ

1 comments

သြဂုတ်လ(၁၃)ရက်
Photo: မိုင်းဆတ်မြို့နယ် ၀မ်နောင်-ပူနားကိုသွား ကားလမ်းပေါ်မှ ဘိန်းဖြူများဖမ်းဆီးရမိ

13.8.2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့ ၀မ်နောင်-ပူနားကိုသွားကားလမ်းဆုံအနီးမှ သြဂုတ်လ ၁၂ ရက်နေ့တွင် မိုင်းတွမ်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ယာဉ်တစ်စီးနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ သတင်းအရ ၀မ်နောင်-ပူနားကိုသွား ကားလမ်းဆုံတွင် စောင့်ဆိုင်းနေစဉ် ယာဉ်မောင်း လောအော် မောင်းနှင် လာပြီး အာလဲလိုက်ပါလာသည့် လိုင်စင်မဲ့ တိုက်ဂါးယာဉ်အား ရှာဖွေရာမှ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့သည်။ ယာဉ်ပေါ်တွင် စက္ကူဖာများ အတွင်း ပလပ်စတစ်ဖြင့် ထုတ်ပိုးထားသော ဘိန်းဖြူ(၆)ထုပ်၊ စုစုပေါင်း အလေးချိန် (၃)ကီလိုခန့်၊ ကာလတန်ဖိုး အားဖြင့် သိန်း(၆၀၀)ခန့်အား ရှာဖွေသိမ်းဆည်းနိုင်ခဲ့သည်။

မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့် လောအော်နှင့် အာလဲတို့ နှစ်ဦးအား မိုင်းတွမ်းရဲစခန်းမှ မူးယစ် ဆေးဝါးအမှုနှင့် အမှုဖွင့် စစ်ဆေးအရေး ယူနေကြောင်း သိရသည်။

One Response so far.

  1. ကျေးဇူးတင်ပါတယ် အများပြည်သူများသိအောင် မိုဆတ် /မိုင်းတွမ်းသတင်းလေးတွေကိုများများတင်ပေးပါရှင်

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here