Friday, October 18, 2013

ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်ပြဿနာ အကျိုးအမြတ် ငွေကျပ်သိန်း ၆၀၀ ဖြင့် ပြေလည်မှုရ

0 comments


18.10.2013

မြန်မာ့အထင်ကရတစ်ခုဖြစ်သည့်ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ် တည်ရှိရာ တောင်တော်သို့ သွားရောက် ဖူးမြော်ရာ၌ ပို့ဆောင်ပေးလျက် ရှိသည့် တောင်တက် မော်တော်ယာဉ် အသင်းတွင် ကရင် စာပေနှင့် ယဉ်ကျေးမှု ကော်မတီရန်ပုံငွေအတွက် မော်တော်ယာဉ်(၅)စီးဝင်ရောက် ပြေးဆွဲခွင့် ပြုရန် တင်ပြ ခဲ့သော်လည်း ၀င်ခွင့် မပေးခဲ့သဖြင့် နှစ်ဖက် ပြဿနာများ ပေါ်ပေါက်ခဲ့ပြီးနောက် တစ်နှစ်စာ အမြတ်ငွေ ကျပ်သိန်းခြောက် ရာ ပေး၍ လာမည့်နှစ် တွင် ကားပြေးဆွဲခွင့် ရရှိသွားခဲ့သည်။

ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီက မော်တော်ယာဉ် ပြေးဆွဲခွင့် မပြုပါကကျိုက်ထီးရိုး တောင်တက် လမ်းအား ထိန်းချုပ်မည် ဟူသော ပြောဆိုမှုများ မီဒီယာများမှ တစ်ဆင့် ပြောဆိုခဲ့ပြီး နောက်ပိုင်း စက်တင် ဘာလအတွင်းထိုကော်မတီနှင့် တောင်တက် မော်တော်ယာဉ်အသင်းတို့ ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ …

ထိုသို့ နှစ်ဖက်ပြဿနာ ဖြစ်ပွားနေစဉ်အတွင်း စက်တင်ဘာလ ၁၀ ရက်နေ့တွင် KNU/KNLA (သထုံခရိုင်) မှ ဗိုလ်မှူးချုပ် အဆင့်ရှိ အဖွဲ့ခေါင်းဆောင် စောထူးဂေနှင့် KNU ဆက်ဆံရေးရုံး (မြ၀တီ) ဦးမန်းတင်စိုးတို့ နှစ်ဦးသည် ကျိုက်ထိုတောင်တက် မော်တော်ယာဉ် အသင်းရုံးသို့ ရောက်ရှိလာပြီး ကရင်စာပေနှင့် ယာဉ်ကျေးမှု ကော်မတီ မှ မော်တော်ယာဉ် ပြေးဆွဲရန် တင်ပြထားသည့် ကိစ္စနှင့် ပတ်သက်၍ အခြေအနေ မေးမြန်း ခဲ့ကြသည်။ …

နောက်တစ်နေ့ နေ့လယ်ပိုင်း (စက်တင်ဘာ၁၁ ရက်) တွင် ဦးမန်းတင်စိုး က မြ၀တီမှ တစ်ဆင့် တောင်တက် မော်တော်ယာဉ် အသင်း ဥက္ကဋ္ဌ ဦးဝိတင်ထံ တယ်လီဖုန်း(၂)ကြိမ် ဆက်သွယ် ကာ မော်တော် ယာဉ်ပြေးဆွဲခွင့် ပေး မပေး ကိစ္စနှင့် မြ၀တီသို့ ကမ္ဘောဇဘဏ်မှ တစ်ဆင့် ငွေကျပ်သိန်း (၁၀၀) လွှဲပေးရန် ပြောဆို ခဲ့သော်လည်း လွှဲပေးခြင်း မရှိပေ။

ထို့နောက်ပိုင်း တာဝန်ရှိသူများက နှစ်ဖက်ကြားဝင် ဖျန်ဖြေညှိနှိုင်းမှု များ ဆောင်ရွက် ပေးခဲ့သော် လည်း ပြေလည်မှု မရရှိခဲ့ ရာမှ အောက်တိုဘာလ ၁၃ ရက်နေ့တွင် နှစ်ဖက် ကာယကံရှင်များ၊ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ၊ အထောက်အကူပြု ကော်မတီဝင်များ၏ကြားဝင်ဖျန်ဖြေ ညှိနှိုင်း ပေးခဲ့ခြင်းကြောင့် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ မော်တော်ယာဉ်(၃)စီး ၀င်ရောက် ပြေးဆွဲခွင့်ပြု ရန် ယခုနှစ်တွင် ဆောင်ရွက် ပေးနိုင်ခြင်း မရှိသဖြင့် လာမည့်နှစ် တွင် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ယခုနှစ်ယာဉ်(၃)စီးစာအတွက်တစ်နှစ်စာအကျိုးအမြတ်အဖြစ် ငွေကျပ်သိန်း(၆၀၀)အား အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမအရစ် ငွေကျပ်သိန်း (၁၅၀)၊ တန်ဆောင်မုန်းလပြည့် နေ့တွင် ဒုတိယ အရစ်ငွေကျပ်သိန်း (၁၅၀)၊ ဒီဇင်ဘာလတွင် တတိယအရစ် ငွေကျပ်သိန်း (၁၅၀)၊ သင်္ကြန်ကာလတွင် စတုတ္ထအရစ် ငွေကျပ်သိန်း (၁၅၀) စသည်ဖြင့် ၄ ရစ်ခွဲကာ ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ် အသင်းမှ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီထံ ပေးသွင်း လှူဒါန်း သွားရန် နှစ်ဖက် သဘောတူညီ ခဲ့ကြသည်။

မြန်မာသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here