Tuesday, September 17, 2013

ဘုဝဏ္ဏဘုံမိ သထုံပြည်ကြီးရဲ့သမိုင်းဝင်ရှေးဟောင်း ရေဆေး

0 comments

မွန်ပြည်နယ်သထုံမြို့နယ်နှင့် ဆက်စပ်လျက်ရှိသောပေါ်တော်မူ ကွင်းအမှတ် (၆၄၉) စန်္ဒကူးကျောင်း (ယခင်ရဟန္တာတိုက်ကျောင်း) တွင် ရှေးယခင်ကတည်းက တည်ရှိခဲ့ သော သထုံသမိုင်းရေးဆေးပန်း ချီကားချပ်များပျောက်ဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်၍ဖော်ထုတ် အရေးယူရန် စုပေါင်းလက်မှတ် ရေးထိုးကြကြောင်း ၎င်းပိုင်ကျေးရွာ (၄) ရွာမှ ရပ်မိရပ်ဖများကပြော ကြားသည်။
သုဝဏ္ဏဘုံမိသထုံပြည်သမိုင်း နှင့် သာသနာပြုခဲ့တဲ့ မင်းတို့ရဲ့ ရေဆေးပန်းချီကားချပ်ကြီးများ ပျောက်ဆုံးခြင်းသည်မှာ နှစ်ပေါင်း (၂၀) ခန့်ရှိပြီဖြစ်၍ ယခုအခါ ၎င်း ပျောက်ဆုံးနေသောပန်းချီကားများ အား ပြန်လည်ရရှိဖို့အတွက် အစည်းအဝေးထိုင်လက်မှတ်ရေးထိုး ခဲ့ကြကြောင်း ရပ်မိရပ်ဖများကပြော သည်။ “အဘအခုအသက် (၇၉) နှစ်ရှိပြီ ဒီပန်းချီကားချပ်တွေ့ရှိတဲ့ ရဟန္တာကျောင်းမှာ အဘတို့ငယ် ငယ်ဘုန်းကြီးကျောင်းသားဘ၀တုန်းက ပုံထဲကပါတဲ့ ရုပ်ပုံတွေလှုပ်ရှားမှု အတိုင်းကိုရင်ကျောင်းသားတွေ ငြင်းကြခုန်ကြပျော်ကြပေါ့။ အသက် (၆၀) နီးလာတော့ ဒီပန်းချီကားကြီးတွေက မရှိတော့ ဘူး။ အဘတို့မှာ ဟိုအရင်တုန်းက ခေတ်အခြေအနေက သိပ်မကောင်း တော့ ရင်ထဲမှာ စိတ်မကောင်း ကြီးစွာနဲ့ဘဲ ငြိမ်နေခဲ့ရတာ။ အဲဒီ တုန်းကဒီလို ပန်းချီကားချပ်ဘုရား ပုံတွေ့တိုင်းတွေ့တိုင်းမျက်ရည် တောင်ကျခဲ့ရတဲ့အဖြစ်ပါကွာ။ အခုတော့ အားလုံးကလည်းတက် ညီလက်ညီပါလာပြီဆိုတော့ တို့ဆုံးခန်းတိုင်အောင်တို့ရဲ့ဘုရား စေတီပစ္စည်းတွေကို တို့မသေခင် သမိုင်းကို သမိုင်းအတိုင်းရှိဖို့ဝိုင်း ပြီး ဖော်ထုတ်မယ်လို့ရည်ရွယ်ချက် နဲ့ အခုလိုလုပ်ခဲ့ကြတာပါ”ဟု ရွာဦးရွာကြီးမှဦးသောင်းငွေကဆို သည်။ “ပန်းချီကားချပ်တွေပျောက် ဆုံးသွားခြင်းဟာ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ တာဝန်ရှိခဲ့တဲ့ သူ တစ်နေ့ပေါ်ပေါက်လာမှာပါ။ ဗုဒ်္ဓဘာသာတိုင်းဟာဘုရားကျောင်း ကန်တွေအပေါ်အထွဋ်အမြတ်ပဲ လေ ဘုရားကျောင်းကန်ပစ္စည်းကို ဖျောက်ဖို့ကြိုးစားတာတော့မကောင်း ဘူးဗျ။ သမိုင်းရဲ့ တရားခံတော့ ပေါ်လာမယ်လို့ယုံကြည်ထားတယ်။ ဒါကြောင့် ဒီကိစ္စအတွက်အမြန် ဆုံးစီစဉ်ကြတာ။ အကောင်အထည် ဖော်ဖို့အစည်းအဝေးလုပ်ခဲ့ကြတာ ပါ”ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးအောင်မြင့်ကလည်းဆိုပါသည်။
သထုံပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ဦးအားမေးမြန်းကြည့် ရာအဆိုပါကိစ္စနှင့် ပတ်သက်၍ “ကျွန်တော်လွှတ်တော်မှာ တာဝန် ယူရတာကနိုင်ငံသားများရဲ့ မူလ အခွင့်အရေးဒီမိုကရေစီအရေးဆို တော့ဒီကိစ်္စဟာလည်း ကိုးကွယ်သူ ကျွန်တော်တို့ဗုဒ္ဓဘာသာလူမျိုးတိုင်း မှာ စိတ်ထိခိုက်နေရသလိုရုပ်ပိုင်း ဆိုင်ရာအရ ဆုံးရှုံးနေတယ်နစ်နာ နေတယ်။ ခိုးယူတဲ့အဆင့်ထိရာဇ ၀တ်မြောက်နေတယ်ဆိုတော့ အတတ်နိုင်ဆုံးဖြေရှင်းရမယ်။ အတတ်နိုင်ဆုံးအကောင်အထည် ဖော်ပေးမှာပါဟု သထုံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံ သားများရဲ့မူလအခွင့်အရေးဒီမိုက ရေစီအရေး၊ လူ့အခွင့်အရေးဆိုင် ရာကော်မတီအဖွဲ့ဝင်ဦးစောဘသိန်း ကအတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

Hot News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here