Friday, November 1, 2013

ခေါင်းဖြတ်သတ်ဖြတ်ခြင်းခံရသည့် ဘောလုံးသမား

0 comments
1.11.2013

ရှေ့တန်းတိုက်စစ်မှူး ဂျောင် အိုရိုဒရီဂို ဆန်တော့စ်ဆေးလ်ဗား သည် လွန်ခဲ့သောနှစ်က ဘော လုံးကစားခြင်း မှ အနားယူချိန် မတိုင်မီအထိ ဘရာဇီးနိုင်ငံရှိ ဘောလုံးသင်းပေါင်းများစွာတွင် သာမက ဆွီဒင်နိုင်ငံ၊ ဟွန်ဒူရပ် နိုင်ငံတို့တွင်လည်း သွားရောက် ကစားခဲ့သူဖြစ်သည်။အောက်တိုဘာ ၂၉ ရက်၊ နံနက်တွင် ၎င်း၏ဇနီးဖြစ်သူက ရီယိုဒီဂျနေးရိုးမြို့ရှိ ၎င်းတို့၏နေ အိမ်တံခါးကို ဖွင့်လှစ်လိုက်သော အခါ လှေကားခုံပေါ်တွင် ကျော ပိုးအိတ်တစ်လုံးကိုတွေ့ရှိရပြီး ကျောပိုးအိတ်တွင်း၌ မျက်လုံးများ ဖောက်ထုတ်ခံထားရပြီး လျှာ ဖြတ်ခံထားရသော၎င်း၏ဦးခေါင်း ပြတ်အား တွေ့ရှိခဲ့သည်။
ဆေးလ်ဗားသည် ဘောလုံး လောကမှ အနားယူပြီးနောက် ကျန်းမာရေးအစားအစာဆိုင်ဖွင့် လှစ်ထားခဲ့သည်။ သက်သေများ ၏ထွက်ဆိုချက်အရ အောက်တို ဘာလ ၂၈ ရက်နေ့ ဆိုင်ပိတ်ချိန် တွင် ဆေးလ်ဗားကို လက်နက် ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ခေါ်ဆောင်သွားကြောင်း သိရ ပြီး ဇနီးဖြစ်သူ ဂီဇာဆေးလ်ဗား က ၎င်းပြန်လာမည့်အချိန်ကို တစ်ညလုံးစောင့်နေခဲ့ကြောင်း ၎င်း၏ယောက်ဖဖြစ်သူက ပြော သည်။
ဂီဇာသည် နံနက်နာရီခွဲ အချိန်တွင် အလုပ်သွားရန်အ တွက် နေအိမ်တံခါးကို ဖွင့်လှစ် လိုက်သည့်အချိန်တွင်မှ ဦးခေါင်း ပြတ်ထည့်ထားသော ကျောပိုး အိတ်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ဆေးလ်ဗား၏ ခန္ဓာကိုယ်ကိုမူ နေအိမ်၏အနောက်မြောက်ဘက် ၂၅ မိုင်ခန့်အကွာရှိ ၀ူအန်ဒါမြစ် အနီးတွင်တွေ့ရှိခဲ့သည်။
စုံစမ်းစစ်ဆေးရေးမှူးက ဆေးလ်ဗားအသတ်ခံရမှုသည် ဇနီးဖြစ်သူ၏လုပ်ငန်းနှင့် ပတ် သက်နေမည်ဟု ယူဆကြသည်။ ဇနီးဖြစ်သူက မူးယစ်ဆေးဝါး မှောင်ခိုတိုက်ဖျက်ရေးအဖွဲ့အစည်း တစ်ခုတွင် လူမှုရေးလုပ်သားတစ် ဦးအနေဖြင့် အလုပ်လုပ်ကိုင် လျက်ရှိပြီး သူမ၏အလုပ်ဌာန သည် တပ်ထိန်းအခြေစိုက်စခန်း တစ်ခုအတွင်း၌ ရှိနေသည်။ဆေးလ်ဗားသေဆုံးချိန်တွင် အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီးတွင် ပြစ်မှုမှတ်တမ်းတစ်စုံတစ်ရာ မရှိခဲ့ပေ။

Hot News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here