Tuesday, September 24, 2013
သစ်ပင်လဲကျမှုကြောင့် လျှပ်စစ်ဓာတ်တိုင်များပြိုလဲ
Categories :
ရန်ကုန် စက်တင်ဘာ ၂၃
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ပဒုမ္မာလမ်းသွယ်အတွင်း စက်တင်ဘာ ၂၂ ရက် နံနက် ၇ နာရီကသွယ်တန်း ထားသော လျှပ်စစ်ဓာတ်ကြိုးများပေါ် စိန်ပန်းပင်လဲကျမှုကြောင့် ပဒုမ္မာလမ်း သွယ်တစ်လျှောက် လျှပ်စစ်ဓာတ် တိုင်များအပါအဝင် ဗားကရာလမ်း ကျွန်းတောကျောင်းတိုက် အနီးရှိ လျှပ်စစ်ဓာတ်တိုင် ခြောက်တိုင်ပြိုလဲ ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ စိန်ပန်းပင်ပြိုလဲကျမှုနှင့်စပ်လျဉ်း၍ “လုံးပတ်လေးပေခွဲ ငါးပေနီးပါးရှိတဲ့ စိန်ပန်းပင်လဲကျတာပါ။ လဲကျတဲ့ အချိန် လိုက်ထရပ်ယာဉ်ပေါ်မှာ တောင်သွားထောက်နေပါသေးတယ်။ အဓိကတော့ မိုးတောက်လျှောက်ရွာနေ တဲ့အတွက် ရေစိမ့်ဝင်ပြီးအပင်ရဲ့ ရေသောက်မြစ် တိုသွားရတာပါ။ ဒါကြောင့် လဲကျတာပါ။ အားလုံးဓာတ်တိုင်ခြောက်တိုင်ပြန်လဲ ရပါ မယ်။ တိုင်တွေအားလုံး တစ်ပြိုင်တည်း လုပ်ဆောင်ပါ့မယ်။ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်မှာပါ” ဟု ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းဓာတ်တိုင်များ အစားထိုး လဲလှယ်ပြုပြင်ရန် လိုအပ်သော ပစ္စည်းများနှင့် ယာဉ်/ယန္တရားများ အား Y.E.S.B လျှပ်စစ်ရုံးချုပ်နှင့် အနောက်ပိုင်းခရိုင်လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ လျှပ်စစ်ဝန်ထမ်းများ စုပေါင်းပြီး အများပြည်သူ လျှပ်စစ် ဓာတ်အား ပုံမှန်ပြန်လည်သုံးစွဲနိုင်ကြစေရန်အတွက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
(စိုးဝင်း-MLA)
http://www.moi.gov.mm/npe:zg/news/24/09/2013/id-6187
Subscribe to:
Post Comments (Atom)