Friday, September 27, 2013

အင်းစိန်က ဟွားဝေဖုန်းဆိုင် ဖောက်ထွင်းခဲ့သူမှာ ထောင်ဒဏ် ၈၃ နှစ်ကျခံနေရသူဖြစ်

0 comments

ဇော်ဇော်ထွေး | သောကြာနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၁၂ မိနစ်

အင်းစိန်မြို့နယ်အတွင်းရှိ ဟွားဝေ ဖုန်းဆိုင်အား ဖောက်ထွင်းခဲ့သူမှာ ခိုးမှုများဖြင့် ထောင်ဒဏ် ၈၃ နှစ်ကျခံနေရ သည့် ထောင်ပြေးတစ်ဦးဖြစ်ပြီး ယင်းကို စက်တင်ဘာ ၂၅ ရက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက မှုခင်းသတင်း ထုတ်ပြန်လိုက်သည်။အမှုမှာ စက်တင်ဘာ ၈ရက်က အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်ရှိ ဟွားဝေဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင် ကို ဖောက်ထွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းဖောက်ထွင်းမှုကြောင့် ဖုန်းဟန်းဆက်မျိုးစုံ (၁၂၄)လုံး၊ တစ်သောင်းတန်
ငွေဖြည့်ကတ် (၅၉)ကတ်၊ ငါးထောင်တန် ငွေဖြည့်ကတ် (၆၆)ကတ်တို့ ခိုးယူခံရပြီး တန်ဘိုးအားဖြင့် ငွေကျပ် တန်ဘိုး
 သိန်း(၁၈၀) ကျော်ဖိုး အထိ ဆုံးရှုံးခဲ့ရသော အမှုတစ်ခုလည်း ဖြစ်သည်။

ယင်းဖောက်ထွင်းခံရမှုကြောင့် ဆိုင်တာဝန်ခံဖြစ်သူ မသူဇာက စက်တင်ဘာ ၉ ရက်တွင် အမှုဖွင့်ခဲ့ရာ အင်းစိန်ရဲ စခန်းက (ပ) ၉၇၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ တို့ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်စုံစမ်းစဉ်အတွင်း ဆက်စပ်ပြည်သူများ၏ ကူညီမှုကြောင့် ပြစ်မှုကျူးလွန်ခဲ့သူမှာ ကျော်မင်းလွင် ရွှေလင်းဗန်း စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်နေသူဖြစ်သည်ကို အတည်ပြု နိုင်ခဲ့သည်ဟုလည်း ဆိုထားသည်။

၎င်းကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာတွင် စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ကြည့်မြင် တိုင် အနောက်ပိုင်း ဆေးရုံအနီးတွင် တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အဆိုပါ ဖမ်းဆီးရမိသူသည် ဖောက်ထွင်းမှု၊ ခိုးမှုများဖြင့် ၂၀၀၀ပြည့်နှစ်တွင် ထောင်ဒဏ်(၈၃)နှစ်ထိ ကျခံနေရသူ တစ်ဦး ဖြစ်သည်ကို စစ်ဆေးတွေ့ရှိထားသည်ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။၎င်းသည် ၂၀၁၂ခုနှစ်(၁၁)လပိုင်းက မွန်ပြည်နယ်၊ မုပ္ပလင်ရဲဘက်စခန်းမှ ထွက်ပြေးလာခဲ့သူလည်းဖြစ်သည်။

ထို့ပြင် ဖုန်းဆိုင် ဖောက်ထွင်းမှုတွင်လည်း အခင်းဖြစ်ဆိုင်၏ နောက်ဘက် ပြူတင်းပေါက်အား သံတူရွင်းဖြင့် ကလော်ဖွင့်ပြီး အတွင်းရှိ သံပန်းတံခါးသော့ကို ဖျက်ဆီးဝင်ရောက်ကာ အမှုမှ ပျောက်ဆုံးပစ္စည်းများကို ခိုးယူခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု တိုင်းရဲဌာနက ဆိုထားသည်။ထို့ကြောင့် ယင်းခိုးယူခဲ့သော သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိရေး ဆောင်ရွက်နေပြီး ယင်းကိုလည်း တရားစွဲတင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ် ပြန်ထားသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here